AD
AD
AD

လာမယ့် ဇွန်လကစပြီး Global Technology ကုမ္ပဏီအနေနဲ့ 4G အင်တာနက် ဝန်ဆောင်မှုကို စတင်ပေးအပ်သွားမယ်လို့ ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဦးသိန်းသန်းတိုးက ပြောပါတယ်။

Global Technology ရဲ့ 4G အင်တာနက်ဝန်ဆောင်မှုကို နေပြည်တော် ၊ မကွေး ၊ ပဲခူး ၊ မွန် ၊ ကရင် ၊ တနသာင်္ရီ စတဲ့ တိုင်းဒေသကြီးနဲ့  ပြည်နယ်များမှာ ပေးသွားမှာ ဖြစ်ပြီး မြို့ ကြီးတွေကနေ စတင် ဝန်ဆောင်မှုပေးသွားမယ်လို့ လည်း ဆိုပါတယ်။ ၂၀၁၆ ခုနှစ်မှာ Global Technology ဟာ 4G အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ရန် 2600 လှိုင်းနှုန်းစဉ်ကို အမေရိကန်ဒေါ်လာ ၇ သိန်းကျော်ပေးသွင်းခဲ့တာ ဖြစ်ပြီး ယခုဝန်ဆောင်မှုကို GlobalNet, 5BB Broadband နာမည်နဲ့ ပေးသွားမယ်လို့ လည်း ပြောကြားထားပါတယ်။

play

 

ဒီ 4G အင်တာနက်ကို အင်တာနက်သီးသန့် သုံး SIM Card များ ၊ CPE Devices များ ၊ My Fi Device များနဲ့ တွဲဖက်ဖြန့် ချိသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာ 2600 လှိုင်းနှုန်းစဉ်ကို Global Technology ၊ Amara Communications နဲ့ Fortune ကုမ္ပဏီတို့ မှ လေလံအောင်ထားပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ၅ နှစ် ရထားတာ ဖြစ်ပါတယ်။လေလံအောင် ကုမ္ပဏီများဟာ ကွန်ရက်ဖြန့် ကြက်ခွင့်ရရာ ဒေသများမှာ လူဦးရေရဲ့ ၃၀% ကို ကွန်ရက်လွှမ်းခြုံပေးသွားရမယ်လို့ လည်း သဘောတူစာချုပ်မှာ ဖော်ပြထားပါတယ်။ IGE Group ပိုင် Amara Communications ရဲ့ 4G အင်တာနက်ဝန်ဆောင်မှုကို မတ်လအတွင် အနန္တ အမည်နဲ့ ရန်ကုန် ၊ မန္တလေး ၊ ဧရာဝတီ ၊ ရခိုင် ၊ စစ်ကိုင်း ၊ ချင်း ၊ ရှမ်း ၊ ကချင် ၊ ကယား စတဲ့ တိုင်း ဒေသကြီးနဲ့ ပြည်နယ်များမှာ ဝန်ဆောင်မှုပေးသွားမယ်လို့ ဆိုပါတယ်။

Amara Communications နဲ့ Global Technology တို့ ကတော့ ယင်းတို့ ရဲ့ 4G အင်တာနက် ဈေးဟာ တယ်လီကွန်းအော်ပရေတာများရဲ့ မိုဘိုင်းလ်အင်တာနက်ဈေးထက် သက်သာမှု ရှိစေရမယ်လို့ လည်း အာမခံထားပါတယ်။

Source: 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD