AD
AD
AD

UI ဒီဇိုင်းသစ်နဲ့ အတူ features သစ်များပါ ထည့်သွင်းလာမယ်လို့ ကြေငြာထားတဲ့ Gmail ဟာ မကြာခင်မှာ အလိုအလျောက် ပယ်ဖျက်နိုင်မယ့် self-destructing email များပါ သုံးနိုင်ဖို့ ရှိနေပါတယ်။

play

 

Gmail ရဲ့ update သစ်မှာတော့ ကိုယ်ဖျက်ချင်တဲ့ မက်ဆေ့တစ်စောင်ကို အချိန်ကာလတစ်ခု သတ်မှတ်ပြီး သူ့ အလိုလို ဖျက်ဆီးနိုင်မယ့် Confidential mode တစ်ခု ပါလာဖို့ ရှိပါတယ်။ ဒီ mode မှာ ကိုယ်ပို့ ထားတဲ့ မေးလ်များကို တစ်ခြားသူ ဝင်ဖတ်လို့ မရအောင် passcode ပေးပြီး သိမ်းထားရမှာပါ။ Confidential mode ကို လက်ခံရရှိသူဟာ သတ်မှတ်ချိန် ကျော်တာနဲ့ ဒီမေးလ်မှာပါတဲ့ အချက်အလက်တွေကို ဒေါင်းလုပ်ဆွဲတာ ၊ တစ်ခြားသူဆီ forward လုပ်တာ မျိုးတွေ လုပ်လို့ ရမှာ မဟုတ်သလို အီးမေးလ်မှာ ပါတဲ့ အကြောင်းအရာကိုလည်း copy/pasteလုပ်လို့ ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Confidential mode မှာ timer ပေးပြီး ကာလသတ်မှတ်ရာမှာလည်း တစ်ပတ် ၊ တစ်လဖြစ်စေ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဖြစ်စေ အချိန် သတ်မှတ်ပေးနိုင်မှာပါ။ ဒီမေးလ်ကို ဖွင့်ကြည့်ရမယ့် passcode ကိုတော့ အီးမေးလ်လက်ခံသူဆီ မက်ဆေ့ကဖြစ်စေ ဖုန်းနဲ့ ဖြစ်စေ လှမ်းပို့ ပေးရမှာ ဖြစ်ပါတယ်။ ဒီ feature သစ်ဟာ တစ်ခြား Gmail မသုံးသူတွေဆီ အီးမေးလ်ပို့ ရာမှာ သုံးလို့ ရမယ်  မရဘူးတော့ မသိရသေးပါဘူး။

play

 

Google ဟာ developer conference တစ်ခုဖြစ်တဲ့ Google I/O 2018 ကို လာမယ့် မေလ ၈ ရက်ကနေ ၁၀ ရက်အတွင်း ကျင်းပသွားမှာ ဖြစ်လို့ ဒီပွဲမှာ Confidential mode အပါအဝင် Gmail ရဲ့ feature သစ်တွေပါ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD