ဆုအမျိုးအစား ၃၀ အထိ ပေးသွားတာပါ

ဗွီဒီယိုဂိမ်းလောကရဲ့ အကောင်းဆုံး ဂိမ်းတွေကို ဆွဲထုတ်ပြီး ပေးအပ်တဲ့ Game Awards ဟာ ဒီနှစ်နဲ့ဆို ၅ ကြိမ်မြောက်ကို ရောက်လာပြီ ဖြစ်ပါတယ်။ ဒီနှစ်လော့စ်အိန်ဂျလိစ်မှာ ကျင်းပသွားတဲ့ Game Awards မှာ မျှော်လင့်ထားသလို Winner ဖြစ်သူတွေရော ဆန်ကာတင်စာရင်းမှာ ပါပြီး မှန်းချက်နဲ့လွဲသွားတဲ့ ဂိမ်းတွေရော မြင်ခဲ့ရပါတယ်။

534153-the-game-awards-2018.jpg

Photo: Destructoid

 

Game Awards 2018 မှာ တစ်နှစ်တာ အကောင်းဆုံး ဂိမ်းဆု အပါအဝင် ဆုအမျိုးအစား ၃၀ အထိ ပေးခဲ့တာပါ။ ဒီနှစ် Game Awards ပွဲမှာ Assassin's Creed Odyssey ၊ Celeste ၊ Spider-Man ၊ Monster Hunter: World ၊ God of War နဲ့Red Dead Redemption 2 တို့က ဇကာတင် စာရင်းမှာ ရှိခဲ့ပြီး God of War နဲ့Red Dead Redemption II ကတော့ အကောင်းဆုံး အမွန်ဆုံး ဆုတွေ သိမ်းကျုံးယူသွားတာ ဖြစ်ပါတယ်။

တစ်နှစ်တာရဲ့ အကောင်းဆုံး ဂိမ်းဆု ၊ အကောင်းဆုံး အက်ရှင် စွန့်စားခန်းဂိမ်း ၊ အကောင်းဆုံးဂိမ်းဦးတည်ချက်ဆုတွေကို God of War က ရသွားပြီး Red Dead Redemption II ကတော့ နောက်ခံအသံအကောင်းဆုံး ဆု ၊ အကောင်းဆုံး ဂီတဆု ၊ အကောင်းဆုံး အသံဒီဇိုင်း နဲ့အကောင်းဆုံး စွမ်းဆောင်ရည်ဆုများ ရရှိခဲ့ပါတယ်။

Photo: BGR



ဒီနှစ်အတွက် အကောင်းဆုံး မိုဘိုင်းဂိမ်းဆုမှာ Florence က ရရှိခဲ့ပြီး အကောင်းဆုံး Multiplayer ဂိမ်းဆုကိုတော့ Fortnite က ရရှိခဲ့တာ ဖြစ်ပါတယ်။ ထူးခြားတာတစ်ခုက ဒီပွဲမှာ အကောင်းဆုံး eSport ဂိမ်းနဲ့အသင်းဆုတွေအပြင် eSport ပြိုင်ပွဲတွေကိုလည်း ဆုပေးခဲ့တာပါ။

အကောင်းဆုံး eSport event ကို League of Legends ၊ အကောင်းဆုံး eSport ဂိမ်းဆုမှာ Dota 2 ၊ Fortnite နဲ့League of Legends တို့ကို ကျော်ပြီး Overwatch ဂိမ်းက ရရှိခဲ့တာ ဖြစ်ပါတယ်။ Game Awards တွေကို ပေးရာမှာ အများပြည်သူရဲ့ မဲ ၁၀% နဲ့ဂိမ်းလောကမှ ပညာရှင်များရဲ့ မဲ ၉၀% နဲ့ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။

ဒီနှစ်ရဲ့ အကောင်းဆုံး ဂိမ်းဆု ရခဲ့တဲ့ God of War (2018) ဟာ အရင်ထွက်ထားတဲ့ စီးရီးတွေနဲ့မတူတာက ဂရိနတ်ဘုရားဒဏ္ဍာရီပေါ် အခြေတည်တာမဟုတ်ဘဲ စကန်ဒီနေးဗီးယန်းက နော့စ်နတ်ဘုရားတွေရဲ့ ဇာတ်ကြောင်းပေါ် ဇာတ်အိမ်တည်ထားတာပါ။

Share

Loading Next Article...
က္က