ဆု ၇ မျိုးပေးသွားမှာပါ

ဒီဇင်ဘာ ၆ ရက်နေ့ကတော့ ဂိမ်းလောကသားတွေအတွက် ရင်ခုန်စရာနေ့တစ်နေ့ဖြစ်တော့မှာပါ။

GOW-OG-image.jpg

Photo: PlayStation

 

ဖျော်ဖြေရေးအနုပညာတစ်ခု ဖြစ်လာတဲ့ ဂိမ်းတွေကို အကောင်းဆုံး အမွန်ဆုံးအဖြစ် Game Awards တွေ ကို  ၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ်ပေးလာခဲ့တာပါ။ ဒီနှစ်မှာလည်း Game Awards အဖြစ် အကောင်းဆုံးအက်ရှင်စွန့်စားခန်းဂိမ်း ၊ ဂိမ်းဦးတည်ချက် ၊ ဇာတ်ကြောင်း ၊ အနုပညာဒါရိုက်တာဆု ၊ နောက်ခံတေးဂီတ ၊ အသံဒီဇိုင်းနဲ့ဂိမ်းစွမ်းဆောင်ရည် စတဲ့ ဆု ၇ မျိုး ပေးအပ်သွားမယ်လို့ကြေငြာထားပါတယ်။

ဒီနှစ် Game Awards ပွဲမှာ Assassin's Creed Odyssey ၊ Celeste ၊ Spider-Man ၊ Monster Hunter: World ၊ God of War နဲ့Red Dead Redemption 2 တို့က ဇကာတင် စာရင်းမှာ ရှိနေပါတယ်။ ဒီထဲမှာမှ အမြင့်ဆုံး ဆုဖြစ်တဲ့ ယခုနှစ်အတွက် Game of the Year ဂိမ်းဆုအတွက် God of War နဲ့Red Dead Redemption 2 တို့က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ Game Awards ကို ဂိမ်းလောကရဲ့ အော်စကာဆုလို့လည်း တင်စားထားပါတယ်။။

Game Awards တွေကို ပေးရာမှာ အများပြည်သူရဲ့ မဲ ၁၀% နဲ့ဂိမ်းလောကမှ ပညာရှင်များရဲ့ မဲ ၉၀% နဲ့ဆုံးဖြတ်တာပါ။ အလားအလာအကောင်းဆုံး ဂိမ်းဆုစာရင်းမှာ Destiny 2 ၊ No Man's Sky ၊ Fortnite ၊ Overwatch နဲ့Rainbow Six Siege တို့ပါဝင်နေပါတယ်။

Photo: Engadget

 

ဂိမ်းဦးတည်ချက် ၊ အနုပညာညွှန်ကြားမှု အကောင်းဆုံး ၊ အသံနဲ့နောက်ခံတေးဂီတဖွဲ့စည်းမှု ၊ ဇာတ်ကြောင်းအကောင်းဆုံး ဂိမ်းဆုများ စာရင်းမှာ God of War နဲ့Red Dead Redemption 2 တို့က ပူးတွဲ ပါရှိနေပါတယ်။

God of War (2018) ဟာ အရင်ထွက်ထားတဲ့ စီးရီးတွေနဲ့မတူတာက ဂရိနတ်ဘုရားဒဏ္ဍာရီပေါ် အခြေတည်တာမဟုတ်ဘဲ စကန်ဒီနေးဗီးယန်းက နော့စ်နတ်ဘုရားတွေရဲ့ ဇာတ်ကြောင်းပေါ် အခြေပြုထားတာပါ။

အဓိကဇာတ်ကောင်တွေကတော့ ဂရိနတ်ဘုရားဖြစ်တဲ့ ခရာတို့နဲ့သူ့ရဲ့သား အာ့ထရီးရပ်စ်တို့ဖြစ်ပြီး ခရာတို့စ်ရဲ့ နောက်ဇနီးနဲ့အာ့ထရီးရပ်စ်ရဲ့ အမေတို့သေပြီးနောက် Yggdrasil ဆိုတဲ့ ကမ္ဘာပြု သစ်ပင်ထိပ်ဖျားကို သွားပြီး အရိုးပြာ သွားကြဲရတာ ဖြစ်ပါတယ်။

Red Dead Redemption 2 ကတော့ Rockstar Games ကနေ ထွက်လာတဲ့ ဂိမ်းသစ်ဖြစ်ပြီး PS4 နဲ့Xbox One တွေပေါ်မှာ ကစားရတဲ့ ဂိမ်းပါ။ အက်ရှင်စွန့်စားခန်း ဂိမ်းအမျိုးအစားဖြစ်ပြီး story နဲ့missions တွေပေါ် အသားပေးတည်ဆောက်ထားတာပါ။

၁၈၉၉ ခုနှစ်ဝန်းကျင် အနောက်ကမ္ဘာက ကောင်းဘွိုင်တွေရဲ့ ဇာတ်လမ်းပေါ် အခြေခံထားတာ ဖြစ်ပြီး ဇာတ်ကောင် နဲ့အတွင်းက ပုံရိပ်ယောင်လောက ဖန်တီးချက်တွေနဲ့ပတ်သက်ပြီး ချီးကျူးခံထားရပါတယ်။

 

Game Awards ဆုတွေကို ဒီဇင်ဘာ ၆ ရက်နေ့လော့စ်အိန်ဂျလိစ်မှာ အခမ်းအနားနဲ့တကွ Live လွှင့်ပြီး ဆုတွေ ချီးမြှင့်ပေးသွားမှာပါ။

Share

Loading Next Article...
က္က