အရင်နှစ်တွေက ဝင်ကြေးအဖြစ် ကျပ် ၁ သောင်းကောက်ခံခဲ့တာပါ

၂၀၁၅ ခုနှစ်ကစပြီး ဆက်တိုက် ကျင်းပလာခဲ့တဲ့ Google Developer Conference ပွဲကို ဒီနှစ်မှာ စတုတ္ထအကြိမ်အဖြစ် လာမယ့်အောက်တိုဘာ ၂၈ ရက် တနင်္ဂနွေနေ့မှာ ကျင်းပသွားတော့မှာပါ။

Capture_1163x960.jpg

Photo: Google Developer Group Yangon Facebook

 

GDG DevFest 2018 Conference အခမ်းအနားကို ရန်ကုန်မြို့တော်ဝင်ဂါးဒင်းဟိုတယ်မှာ မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ ကျင်းပပြုလုပ်သွားမယ်လို့ဆိုပါတယ်။ ဒီပွဲကို Google Developer Group Yangon မှ ဦးဆောင်ပြုလုပ်တာ ဖြစ်ပြီး ပြည်တွင်းပြည်ပမှ Android ၊ Web ၊ UI/UX Design နယ်ပယ်အသီးသီးမှ ပညာရှင်များ တက်ရောက်ဟောပြောသွားမှာ ဖြစ်ပါတယ်။

ဒီနှစ် GDG DevFest Yangon 2018 မှာတော့ နည်းပညာပိုင်း အသိအမြင် မျှဝေတာတွေအပြင် ပရိတ်သတ်များ ပါဝင်နိုင်တဲ့ Android ၊ Web Code Lab လက်တွေ့လေ့ကျင့်မှုများ ၊ နည်းပညာလုပ်ငန်း တည်ထောင်သူများနဲ့စကားဝိုင်း အစီအစဉ်များလည်း ထည့်သွင်းကျင်းပသွားမယ် လို့ဆိုပါတယ်။

Photo: GDG DevFest Yangon 2018

 

ယခင်နှစ်များက ကျင်းပခဲ့တဲ့ GDG DevFest များမှာ ဝင်ကြေးလက်မှတ်တစ်စောင်ကို ၁၀၀၀၀ ကျပ်နှုန်းနဲ့ရောင်းချခဲ့ပြီး အခုနှစ်မှာတော့ ၄ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဝင်ကြေးအခမဲ့အဖြစ် စီစဉ်ထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က