AD
AD
AD

မန္တလေးတိုင်းဒေသကြီးအတွင်းမှ စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ICT ကောင်စီက မန္တလေးစီးပွားရေးလုပ်ငန်းရှင်များနှင့် အောက်တိုဘာလ ၉ ရက်နေ့ က ပထမဆုံးအကြိမ် လာရောက်တွေ့ ဆုံဆွေးနွေးသွားပါတယ်။

play

 

မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ ဆုံခဲ့တဲ့ အမေရိကန် ICT ကောင်စီမှာ Google ၊ Microsoft ၊ Visa ၊ Oracle နှင့် CISCO စတဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီများမှ နည်းပညာကျွမ်းကျင်သူများ ပါဝင်တက်ရောက်ခဲ့ပြီး အိုင်တီကွန်ရက် ချိတ်ဆက်ခြင်း ၊ အချက်အလက် စီမံခန့် ခွဲခြင်း နှင့် လုံခြုံမှု ၊ ငွေပေးချေမှုတို့ အတွက် စီးပွားရေးလုပ်ငန်းသုံး ဆော့ဖ်ဝဲလ်များ ပြောင်းလဲခြင်းစတဲ့ အပိုင်းတို့ ကို ဆွေးနွေးမျှဝေခဲ့ပါတယ်။

 

‘မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ပတ်သက်တဲ့ ကိစ္စ တွေက ကနဦးအခွင့်အလမ်းတွေ ပဲ ရှိသေးပါတယ်။ အဲဒီအတွက် မိုဘိုင်းနဲ့ နည်းပညာတွေကို ဈေး ကွက်ထိုးဖောက်မယ့် ကိရိယာ တစ်ခုလို့ မြင်ပြီး အသုံးချရမှာဖြစ် ပါတယ်’’ လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ICT ကောင်စီအဖွဲ့ ဝင် Google မှ တာဝန်ရှိသူ Jirawat Poomsrikaew က ဆိုပါတယ်။

play

 

ယခုပွဲပြုလုပ်ခြင်းနဲ့ ပတ်သတ်ပြီး မန္တလေးတိုင်း ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးဝင်းဌေးမှ ‘‘နည်းပညာတွေက ခေတ်နဲ့ အညီ ပြောင်းလဲလာပြီဖြစ်တဲ့အ တွက် ဘယ်လုပ်ငန်းမှာမဆို ICT ကို အသုံးချပြီးတော့ တိုးတက် အောင် ဘယ်လောက်ထိလုပ်နိုင် တယ်ဆိုတာတင်ပြသွားမှာဖြစ်ပါ တယ်။ ICTကို စီးပွားရေးကဏ္ဍ အားလုံးမှာ လုပ်လို့ရတယ်ဆိုတာ ကို လုပ်ငန်းရှင်တွေအနေနဲ့ လေ့ လာနိုင်အောင် ဒီပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်’’ မှ ပြောပါတယ်။

လက်ရှိမှာတော့ မန္တလေးစီးပွားရေးလုပ်ငန်းအကုန်လုံးဟာ မိရိုးဖလာလုပ်ငန်းတွေပဲ ဖြစ်နေပြီး Cooperate အသွင် ကူးပြောင်းတဲ့အခါ ICT ကို ကိရိယာတစ်ခုအနေနဲ့ မဖြစ်မနေ ကူးပြောင်းသုံးစွဲဖို့ လိုအပ်လာပြီလို့ လည်း မန္တလေးတိုင်း ကွန်ပျူတာ လုပ်ငန်းရှင်အသင်းမှ မှတ်ချက်ချထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD