ကိုးနှစ်အတွင်း မိုင်ပေါင်း သန်း ၅၀၀၀ မောင်းနှင်ခဲ့တာပါ

မောင်းသူမဲ့ကား စီမံကိန်းအဖြစ် Google ကနေ တည်ထောင်ထားတဲ့ Waymo ထုတ် ကားတွေဟာ အခုဆို အများပိုင်လမ်းတွေပေါ် မိုင်ပေါင်း ၈ သန်းကျော် မောင်းနှင်ခဲ့ပြီ ဖြစ်ပါတယ်။

[No available link text] 

Waymo ရဲ့ အမှုဆောင်အရာရှိချုပ် ဂျွန်ကရာ့ဖ်ကစ်မှ နီဗားဒါပြည်နယ် အုပ်ချုပ်ရေးမှူးများ အစည်းအရုံးကွန်ဖရင့်ပွဲမှာ ထုတ်ပြန်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလက Waymo ဟာ မောင်းသူမဲ့ကားများ ခရီးမိုင် ၄ သန်းအထိ ပြေးဆွဲခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့တာ ဖြစ်လို့၈ လအတွင်း ကုမ္ပဏီရဲ့ မောင်းသူမဲ့ကား စမ်းသပ်မောင်းနှင်မှုဟာ ၂ ဆရှိလာတာလည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု တနံတလျား မြို့ပေါင်း ၂၅ မြို့မှာ Chrysler Pacifica Hybrid မီနီဗင် မောင်းသူမဲ့ ကားအစီးရေ ၆၀၀ နဲ့Waymo ဟာ စမ်းသပ်နေတာပါ။ နေ့စဉ် အများပိုင် လမ်းများပေါ် ပြေးဆွဲမှုဟာ မိုင်ပေါင်း ၂၅၀၀၀ ရှိခဲ့တယ်လို့လည်း ဂျွန် ကရာ့ဖ်ကစ်မှ ဆိုပါတယ်။

Waymo ဟာ လူယာဉ်မောင်းများထက် ပိုမို စွမ်းဆောင်ရည်မြင့်တဲ့ AI အခြေပြု မောင်းသူမဲ့စနစ် တည်ဆောက်ဖို့အတွက် ကွန်ပျူတာ ပုံဖော်စမ်းသပ်မှု ဖြစ်တဲ့ Simulation စနစ်များနဲ့လုပ်ဆောင်ခဲ့တာပါ။ ဒီနည်းနဲ့ပြီးခဲ့တဲ့ ၉ နှစ်အတွင်း မိုင်ပေါင်း သန်း ၅ ထောင် ပြေးဆွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

Google မိခင်ကုမ္ပဏီ Alphablet ပိုင် မောင်းသူမဲ့ကားကုမ္ပဏီ ဖြစ်တဲ့ Waymo အနေနဲ့တစ်လကို ခရီးမိုင် ၇ သန်းကနေ ၈ သန်းအထိ မောင်းနှင်နိုင်မယ်လို့လည်း ဆိုပါတယ်။ Waymo ဟာ မောင်းသူမဲ့ကားများအတွက် Fiat Chrysler နဲ့လည်း နောက်ထပ် မီနီဗင်ကားပေါင်း ၆ သောင်း ၂ ထောင်ထပ်ပြီး သုံးသွားဖို့သဘောတူညီမှုလည်း ရထားတာပါ။

photo: CNBC

 

ပြီးခဲ့တဲ့နှစ်ကတည်းက လူမဲ့အလိုအလျောက်ယာဉ်နည်းပညာ စမ်းသပ်အောင်မြင်ထားတဲ့ Waymo ဟာ 3D maps ပုံဖော်စနစ်နဲ့မြို့တွင်း မြို့ပြင် မောင်းသူမဲ့ကားများ ပြေးဆွဲနေတာပါ။ တစ်ချိန်မှာတော့ Wamo ဟာ မောင်းသူမဲ့ အငှားယာဉ်ဝန်ဆောင်မှုပါ လုပ်ဆောင်သွားဖို့ရည်မှန်းထားတဲ့ ကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က