location history ဖျက်ခွင့်ပေးထားတယ်လို့ဆိုပါတယ်။

privacy settings ထဲမှာ location history ပိတ်ထားရင်တောင်မှ Google က ခြေရာခံနိုင်မယ်ဆိုတာကတော့ လွန်သွားပါပြီ။

howtotrackyourfriendsreal-timelocationusinggooglemaps-24-1490336079.jpg

Photo: Gizbot

 

အန်းဒရိုက်နဲ့iPhone တွေပေါ်က Google ရဲ့ တစ်ချို့service တွေဟာ ကိုယ့်ရဲ့ သွားလာလှုပ်ရှားတဲ့ နေရာကို သိမ်းထားနိုင်တယ်လို့AP ရဲ့ လေ့လာမှုတစ်ခုမှာ ဖော်ပြ ထားပါတယ်။ ဒီလေ့လာမှုအရ ကိုယ့်ရဲ့ privacy ကို မထိပါးစေဖို့ထားရှိထားတဲ့ Google Privacy setting သုံးပြီး ပိတ်ထားချိန်မှာတောင် location ကို သိနိုင်မယ်လို့ဆိုပါတယ်။

ဒီလေ့လာမှုကို ပရင်စတန် ကွန်ပျူတာသိပ္ပံပညာရှင်များမှ အတည်ပြုထားပြီး Google ဟာ ဒီ location data တွေကို သုံးပြီး အဲဒီနေရာတွေနဲ့ဆက်စပ်တဲ့ ads ကြော်ငြာတွေမှာ ပြန်သုံးတယ်လို့AP က ထုတ်ပြန်ထားပါတယ်။ Location history ကို ပိတ်ထားပေမယ့်လည်း Google Maps ကို ဖွင့်လိုက်တာနဲ့Google ဟာ ဒီလူရှိနေတဲ့ နေရာကို snapshop ရယူသွားမှာပါ။

Goolge ရဲ့ နေ့စဉ်ရာသီဥတုသတင်း updates တွေကလည်း ဖုန်းရဲ့ တည်နေရာကို pinpoint မှတ်ပြီး ဝင်ပါတယ်။ ထူးခြားတာက location နဲ့မဆိုင်တဲ့ search တွေ လုပ်ရာမှာ (ဥပမာ- ချောကလက်ကွတ်ကီး ဆိုတဲ့ topic ကို Google မှာ ရှာတာ) လည်း ကိုယ်ရှိနေတဲ့နေရာကို လတ္တီကျူ့ဒ် ၊ လောင်ဂျီကျူဒ့်နဲ့တကွ အသေးစိတ် ထောက်ပြီး ကိုယ့်ရဲ့ Google account မှာ သွားသိမ်းပါတယ်။

တကယ်လို့Google ကနေ ကိုယ့်ကို ခြေရာပြန်ခံနေသလား သိချင်ရင်တော့ Google Maps Timeline ကို သွားပြီး ဖုန်းရဲ့ တည်နေရာ settings ကို ဝင်ရောက်စစ်ဆေးကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီ settings ကနေ ကိုယ့်ရဲ့ location အချက်အလက်တွေကို ဖျက်နိုင်မှာပါ။  တစ်ခုရှိတာက Google account ထဲက myactivity.google.com မှာပါတဲ့ location data ကို ဖျက်ပစ်တာဟာ ကားငှားတာလိုမျိုး services တွေသုံးရာမှာ အခက်တွေ့နိုင်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက Google ဟာ တည်နေရာခြေရာခံမှု လုပ်တဲ့အကြောင်း မကွယ်မဝှက်ကပြောတာပါ။ AP ရဲ့ ထုတ်ပြန်ချက်ပေါ် Google မှ ပြန်အကြောင်းကြားရာမှာ Location History ၊ Web and Activity စတဲ့ နေရာမျိုးစုံကနေ location ခြေရာခံတယ်လို့ဆိုပါတယ်။ ဒီအတွက်လည်း users တွေအနေနဲ့အချိန်မရွေး location history ဖျက်လို့ရအောင် ဒီဇိုင်းထုတ်ထားတယ်လို့တုန့်ပြန်ထားပါတယ်။

Photo: CNET

 

Locaion history ကို ပိတ်ထားတာတောင် Google apps တစ်ချို့ဟာ users ဆီက ခွင့်ပြုချက်မတောင်းဘဲ location ဒေတာတွေ သိမ်းနိုင်တာက သုံးစွဲသူ သန်း ၂၀၀၀ ကျော်ရှိတဲ့ အန်းဒရိုက်သုံးစွဲသူများနဲ့Google Maps သုံးနေတဲ့ iPhone users သန်းပေါင်းများစွာပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က