လက်ရှိမှာ ဒီဝန်ဆောင်မှုကို ပိတ်ထားပါတယ်။

ဆော့ဖ်ဝဲလ်မှာပါတဲ့ bug တစ်ခုကြောင့် Google+ ဝန်ဆောင်မှုသုံးနေတဲ့ လူပေါင်း ၅ သိန်းရဲ့ အကောင့်များ ပေါက်ကြားမှု ဖြစ်ပွားခဲ့တယ်လို့ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

google-plus-breach.jpg

Photo: New York Post

 

Google Plus ရဲ့ လူမှုကွန်ရက်ပေါ်က Google ရဲ့ Developer ပလက်ဖောင်းပေါ်မှာ တွေ့ခဲ့တဲ့ bug ကြောင့် သုံးစွဲသူများရဲ့ နာမည် ၊ အီးမေးလ်လိပ်စာ ၊ အလုပ်အကိုင် ၊ ကျား/မ နဲ့အသက်လိုမျိုး အချက်အလက်တွေ ပေါက်ကြားကုန်တာပါ။ လောလောဆယ်မှာတော့ ဒီအချက်အလက်တွေကို တလွဲသုံးတာ ၊ မလျော်မကန် ရယူနေတာတော့ မတွေ့ရသေးဘူးလို့လည်း ကုမ္ပဏီက ဆိုပါတယ်။

Wall Street Journal ရဲ့ ဖော်ပြချက်မှာတော့ Google ဟာ ဒီ bug ကို မတ်လကတည်းက သိထားပေမယ့် ဖြေရှင်းမှု မလုပ်ခဲ့ဘူးလို့ရေးထားပါတယ်။ Google ရဲ့ ကုမ္ပဏီအတွင်း မှတ်ချက်တစ်ခုအရ ဒါဟာ လူထုကို အရေးပေါ် သတိပေးလောက်အောာင် ဆိုးဝါးတဲ့ ကိစ္စမဟုတ်ဘူးလို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

"ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးရုံးကနေ ဒီပြဿနာဟာ သုံးစွဲသူများကို တိတိကျကျ သတင်းပို့သင့်သလား ၊ တစ်နေရာမှာ တလွဲသုံးတဲ့ အထောက်အထား တွေ့နေရသလား ဒါမှမဟုတ် သုံးစွဲသူကဖြစ်စေ developer က ဖြစ်စေ တုန့်ပြန်ဖို့လုပ်နေသလားဆိုတာကို ကြည့်ပါတယ်။ ဒီထဲမှာ တစ်ခုမှ အဲသလို လုပ်ထားတာ မတွေ့ရပါဘူး" လို့Google ရဲ့ အတွင်းသတင်းမှာ ရေးထားပါတယ်။

Google Plus ဟာ Facebook ကို ယှဉ်ပြိုင်ဖို့ကြိုးပမ်းခဲ့တဲ့ လူမှုကွန်ရက်တစ်ခု အဖြစ် ၂၀၁၁ ခုနှစ်မှာ ထွက်ခဲ့တာပါ။ Google Plus ကို လူပေါင်း သန်း ၂ ထောင်သုံးဖို့ရည်မှန်းပြီး ဖြန့်ချိခဲ့တာ ဖြစ်ပေမယ့် အခုချိန်မှာ ဒီဝန်ဆောင်မှုကို လစဉ်သုံးစွဲသူဦးရေဟာ ၃၅၉ သန်းပဲ ရှိနေပါတယ်။

လူမှုကွန်ရက်လောကမှာ အချက်အလက်ပေါက်ကြားမှုဟာ ဖြစ်မြဲဓမ္မတာလို ဖြစ်နေပါတယ်။ မကြာသေးခင်ကပဲ Facebook သုံးစွဲသူ သန်း ၅၀ ဟာ View As feature ရဲ့ ဟာကွက်ကနေ လုံခြုံရေး ကျိုးပေါက်မှုနဲ့ကြုံတွေ့ခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ ပြီးခဲ့တဲ့ မတ်လကပဲ Facebook သုံးစွဲသူ ၈၇ သန်းကျော်ဟာ Cambridge Analytica ကြောင့် ဒေတာပေါက်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။

Photo: NY Times

 

Google ကုမ္ပဏီဟာ ဒီအမှားကြောင့် Google Plus လူမှုကွန်ရက်ကို ပိတ်သိမ်းထားတယ်လို့ကြေငြာထားပါတယ်။ ယခုဖြစ်ရပ်ကြုံပြီးနောက် Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ ရှယ်ယာ ၂% ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က