AD
AD
AD

စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများအနေနဲ့ ကိုယ့်လုပ်ငန်းအကြောင်းကို Google Maps မှာ တင်ရာမှာ အမျိုးသမီးများ တည်ထောင်ထားသည်ဆိုပြီး ထည့်ရေးခွင့် ရသွားပြီ ဖြစ်ပါတယ်။

play

 

Google ကို ပိုင်ဆိုင်ထားတဲ့ Alphabet Inc ရဲ့ ကြေငြာချက်ထဲမှာတော့ မတ်လ ၈ ရက် နိုင်ငံတကာ အမျိုးသမီးများ နေ့ ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဒီ feature ကို ထည့်သွင်းဖြန့် ချိလိုက်တာလို့ ဆိုပါတယ်။ ဒီ feature ကြောင့် Google Maps မှာ စီးပွားရေးလုပ်ငန်းများအကြောင်း detail ဝင်ကြည့်မယ်ဆိုရင် လုပ်ငန်းအကြောင်း အသေးစိတ်အချက်အလက်များအပြင် အမျိုးသမီးပုံ သင်္ကေတလေးနဲ့ ဒီလုပ်ငန်းကို အမျိုးသမီးတစ်ဦးက ပိုင်ဆိုင်ထားတဲ့အကြောင်းပါ ဖော်ပြသွားမှာပါ။ စားသောက်ဆိုင်မျိုးမှာဆိုရင် အပြင်မှာ ထိုင်စရာ ခုံ ရှိမရှိ ၊ Wi-Fi အင်တာနက် ရမရ ဆိုတာကိုပါ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီ feature ဟာ အမျိုးသမီးဦးစီးတဲ့ လုပ်ငန်းများကဏ္ဍကို ထည့်သွင်းဖို့ အရင်တစ်နှစ်က Goolge ဝန်ထမ်းတစ်ဦးမှ အကြံပြုခဲ့တာကနေ စတင်ခဲ့တာပါ။ Google ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးကတော့ ဒီ feature ကို Google My Business ရှိရာ နိုင်ငံတိုင်းမှာ ဖြန့် ချိသွားမှာ ဖြစ်ပြီး လုပ်ငန်းရှင်များအနေနဲ့ ကိုယ်ကြိုက်တဲ့ အချိန်မှာ အသစ် ထည့်တာ ၊ ပယ်ဖျက်တာမျိုး လုပ်ဆောင်နိုင်မယ်လို့ လည်း ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD