bitcoin တွေ giveaway လုပ်မယ်ဆိုပြီး လိမ်တာပါ

Bitcoin လူလိမ်ဟက်ကာတွေကတော့ twitter မှာ follower ပေါင်း ၈ သိန်းကျော်ရှိတဲ့ Google ကို ခုတုံးလုပ်ပြီး လိမ်ဆင်တစ်ခု လုပ်နေတယ်လို့ဆိုပါတယ်။

[No available link text] 

Google G Suit ရဲ့ တရားဝင် Twitter အကောင့်ထဲ ဝင်ရောက်လာခဲ့တဲ့ ဟက်ကာတွေဟာ Google သုံးသူတွေကို cryptocurrency တစ်မျိုး ဖြစ်တဲ့ Bitcoin ပေါင်း ၁ သောင်း အလကားပေးနေတယ်လို့tweet တင်ခဲ့ပြီး လိမ်ခဲ့တာပါ။ ဒီ tweet ထဲမှာပဲ Google ကုမ္ပဏီအနေနဲ့ကမ္ဘာ့အကြီးဆုံး crypto-giveaway လုပ်ဖို့ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်။

G Suit အကောင့် ဟက်ခ်ထားသူတွေဟာ Twitter သုံးစွဲသူတွေကို G Suit ကနေ crypto နဲ့ငွေချေနိုင်တဲ့အကြောင်းပါ ရေးခဲ့တာပါ။ ဒီပို့စ်ကိုတော့ ဖျက်ချလိုက်ပြီ ဖြစ်ပြီး Google နဲ့ Twitter တို့ပေါင်းပြီး G Suit အကောင့် ဟက်ခ်ခံရတဲ့ ကိစ္စကို စုံစမ်းသွားမယ်လို့ပြောထားပါတယ်။

"ကျွန်တော်တို့ဘက်က အခွင့်မရှိဘဲ တင်လိုက်တဲ့ tweet ကို ဒီမနက် G Suit အကောင့်ကနေ share ထားတာ တွေ့ပါတယ်။ tweet ကိုတော့ ဖယ်ရှားထားပြီး Twitter နဲ့အခု ပူးပေါင်း စုံစမ်းနေပါတယ်" လို့Google ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

လူမှုကွန်ရက်ပေါ် ရောက်လာတဲ့ cryptocurrency ကြော်ငြာတွေကို ပိတ်ပင်ဖို့ကြိုးစားနေတဲ့ Twitter ဟာ ပြီးခဲ့တဲ့ ဇူလိုင်လက စပြီး နာမည်ကြီး တရားဝင်အကောင့်တွေ ဟန်ဆောင်ပြီး cryptocurrency လိမ်ညာမှုတွေ လုပ်နေတာကို တွေ့ရှိခဲ့တာပါ။ Tesla CEO အီလွန်မတ်စ်ရဲ့ နာမည်သုံးပြီး cryptocurrency လိမ်သူတွေပေါ်လာပြီးနောက် display name မှာ အီလွန်မတ်စ်လို့ပြောင်းတာနဲ့lock ချတဲ့ မူကို Twitter ဟာ ကျင့်သုံးလာခဲ့ပါတယ်။

နောက်ပိုင်းမှာ cryptocurrency လိမ်ညာသူများဟာ အီလွန်မတ်စ်ရဲ့ တကယ့် tweets တွေထဲ ပုံမှားရိုက်တဲ့ tweets တွေ ညှပ်ထည့်ပြီး နည်းပညာသစ်မှာ ရင်းနှီးမြှပ်နှံဖို့တစ်ခြား Twitter လူမှုကွန်ရက်သုံးသူများကို ဖျားယောင်းလာပါတယ်။ ဒီနည်းနဲ့သူတို့ရဲ့ အကောင့်တုများဆီ ခေါ်ပြီး user တစ်ယောက်ဆီကနေ ငွေယူပြီး cryptocurrency token သစ် ပေးမယ်လို့မက်လုံးပေးထားတာပါ။

Photo: CNET

 

Twitter ပေါ်ရောက်လာတဲ့ scammers တွေဟာ Fox ရုပ်သံလိုင်း ၊ ပင်တဂွန်စာအုပ်တိုက်နဲ့အိန္ဒိယအမျိုးသား ဘေးအန္တရာယ် အာဏာပိုင်အဖွဲ့တွေရဲ့ တရားဝင် Twitter အကောင့်တွေကိုလည်း ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး လိမ်ညာမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က