AD
AD
AD

ကမ္ဘာကျော် ဒရုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ GoPro ကို ဝယ်ဖို့ Xiaomi ခြေလှမ်းပြင်နေပြီ ဖြစ်ပါတယ်။ ဒါဟာ ပြဿနာတက်နေတဲ့ နာမည်ကြီး ဒရုန်းကုမ္ပဏီအတွက် ထွက်ရပ်လမ်းတစ်ခု ဖြစ်သလို Xiaomi အတွက်လည်း  ဈေးကွက်သစ်ကို ဦးတည်လိုက်တာလည်း ဖြစ်ပါတယ်။

play

 

ငွေကြေးအခက်အခဲများ ပြဿနာ တက်လာခြင်းနဲ့ အတူ သက်တမ်း ၁၅ နှစ် ရှိပြီ ဖြစ်တဲ့ ကမ္ဘာကျော် GoPro အက်ရှင်ကင်မရာ ကုမ္ပဏီဟာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲနေပြီ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း ကုမ္ပဏီကို အများပိုင်အဖြစ် အစုရှယ်ယာ စတင်ခွဲဝေစဉ်က GoPro ဟာ ဒေါ်လာ ၃ ဘီလျံတန် ကုမ္ပဏီအဖြစ် ရောက်ခဲ့ပေမယ့် နောက်ပိုင်း တန်ဖိုးနည်း ဒရုန်းနဲ့ ကင်မရာထုတ်လုပ်သူများ ပေါ်ထွက်လာပြီးနောက် GoPro ဟာ အကျဘက်ကို ရောက်လာခဲ့ပါတယ်။

လက်ရှိ GoPro ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဒေါ်လာ သန်း ၇၆၀ ဝန်းကျင်ပဲ ရှိတော့တာကို ကြည့်ရင် GoPro အနေနဲ့ သူ့ ထက် ပိုကြီးတဲ့ ကုမ္ပဏီကြီးတစ်ခုမှာ GoPro brand ကို ရောင်းချဖို့ စဉ်းစားလာတာပါ။ GoPro အကျဘက် ရောက်လာချိန် နာမည်ကြီး GoPro Karma ဒရုန်းပေါင်း ၂၅၀၀ ကျော် ဈေးကွက်က အသိမ်းခံရပြီးနောက် ဈေးကွက်ဝေစု ထိုးကျသွားခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ GoPro အတွက် ပြိုင်ဘက်သစ် တန်ဖိုးသင့် ဒရုန်းကင်မရာများ ဈေးကွက်ထဲ ရောက်လာခဲ့ပြီးနောက် အခြေအနေ ပိုဆိုးလာတာပါ။

play

 

Xiaomi ကတော့ Yi တံဆိပ် အက်ရှင်ကင်မရာတွေနဲ့ နိုင်ငံတကာဈေးကွက်မှာ စဖောက်လာနေပြီ ဖြစ်ပါတယ်။ တရုတ်ဈေးကွက်မှာတော့ Xiaomi ဟာ Yi Mirrorless ကင်မရာတွေကို မကြာသေးခင်ကပဲ မိတ်ဆက်ထားတာပါ။ GoPro ကို ဝယ်ဖို့ ကမ်းလှမ်းတဲ့ Xiaomi ရဲ့ အစီအစဉ်သာ အထမြောက်သွားမယ်ဆိုရင်တော့ နာမည်ကြီး DJI  ဒရုန်းကုမ္ပဏီကိုပါ ယှဉ်ဖိုက်နိုင်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD