Tech News: Grab က မန္တလေး တွင် GrabBike စတင်ဝန်ဆောင်ပြေးဆွဲ

ဒီနေ့ (ဒီဇင်ဘာ ၇ ရက်နေ့) မှာ မိတ်ဆက်ပေးလိုက်တာပါ

ဧပြီလ နောက်ပိုင်း မြန်မာပြည်သို့ ဝင်ရောက်လာတဲ့ Grab လို့ ခေါ်တဲ့ ပို့ဆောင်ရေးဝန်ဆောင်မှု့ ကုမ္မဏီ ဟာ မန္တလေးမှာ GrabBike ဆို ပြီး ဆိုင်ကယ် ခေါ်ယူနိုင်တဲ့ Service ကို ဒီနေ့ (ဒီဇင်ဘာ ၇ ရက်နေ့ ) မှာ မိတ်ဆက်လိုက်ပါတယ်။

မန္တလေးလို မြို့ကြီးမှာ သွားလာရေး အတွက် Public Transportation မရှိတဲ့အတွက် သွားရောက်လည်ပတ်သူတွေ၊ မြို့ခံ အချို့ဟာ အိမ်သုံးကားတွေ၊ ဆိုင်ကယ်ကယ်ရီ လို့ ခေါ်တဲ့ ဝန်ဆောင်မှု့တွေ အသုံးပြုခဲ့ရတာပါ။ ယခုနှစ် အောက်တိုဘာ စတုတ္တအပတ် မှာလဲ ပြည်တွင်း ပို့ဆောင်ရေးဝန်ဆောင်မှု့  ကုမ္မဏီ ဖြစ်တဲ့ Oway ဟာ Mini Oway အမည်ဖြင့် အသေးစား သုံးဘီးအဌား အစီးရေ ၅၀ ကျော်ကို  Application မှ တဆင့်ဖြစ်စေ ၊ ဒီတိုင်း လက်တားပြီး ဖြစ်စေ အသုံးပြု စီနင်းနိုင်ဖို့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

play

 

ယခုကဲ့ သို့ Oway , Grab Company များ ဝင်ရောက်လာမှု့ အပေါ်  “ GrabBike မန္တလေး မှာရနေပီဆိုတာ ကြားကြားချင်း တော်တော် အံ့သြ သွားတယ် ။ အခုထိတော့ စမ်းမစီးရသေးဘူး ။ Mini Oway လို သုံးဘီးတွေ အခုလို Grab ဆိုင်ကယ် taxi တွေ တကယ် ထိထိရောက်ရောက် အသုံးပြုလာနိုင်ရင် မန်းတလေးလို public transportation ရှားတဲ့ နေရာအတွက် အတော် အဆင်ပြေလာမှာပါ ။ အထူးသဖြင့် မန်းတလေးကိုလာလည်တဲ့ ဧည့်သည်တွေ အတွက် သတင်းကောင်းပါ ။ စနစ်ကျတဲ့ ဈေးနှုန်းတွေ ရှိလာမယ်လို့ မျှော်လင့်ပါတယ် ။အခု စမ်းကြည့်တာ မင်္ဂလာမန္တလေးကနေ ဈေးချိုကို ၂၅၀၀ ဆိုတော့ ဈေးသင့်တယ်လို့ ပြောရမယ် ။ ကားနဲ့ ဆို ကျတော့် အမြင် ၇၅၀၀ ဝန်းကျင်တော့ ပေးရလိမ့်မယ် ။ အရင်က ခရီးတွေဘာတွေသွားပီး မန္တလေးကို ပြန်ရောက်ရင် Cycle taxi မစီးရဲဘူး ၊ အခုလိုအတိုင်းဆိုရင်တော့ စမ်းကြည့်ရဦးမယ်” လို့ မန္တလေး သားတစ်ဦးဖြစ်တဲ့ ကို ထွဋ်မြတ်က Duwun ကို အခုလို ပြောကြားခဲ့ပါသေးတယ်။ 



 

ရန်ကုန်မြို့ မှာ Taxi တွေကို Application က တဆင့် Booking ပြုလုပ်ကာ ဌားယူ သွားလာနိုင်တဲ့ ဝန်ဆောင်မှု့ လုပ်ငန်းများ ဖြစ်တဲ့ Uber, Grab, Oway, Hello Ride ဆိုတဲ့ ကုမ္မဏီများရှိ ပြီး Taxi Driver များနှင့် ခရီးသွားပြည်သူ အကြား ဈေးနှုန်းကိစ္စ မလိုအောင် ကျသင့်ငွေကို စနစ်တကျ တွက်ချက် ပေးထားတဲ့ အတွက် အသုံးပြုသူများ တဖြည်းဖြည်းတိုးပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ