AD
AD
AD

အရှေ့ တောင်အာရှဈေးကွက်မှာ အောင်မြင်မှုများ ရနေတဲ့ Grab ဟာ စက်ဘီးနဲ့ လျှပ်စစ် စကူတာများ ငှားရမ်းပေးမယ့် ဝန်ဆောင်မှုသစ်တစ်ရပ်ကို ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

play

 

GrabCycle လို့ နာမည်ပေးထားတဲ့ ဒီဝန်ဆောင်မှုကို စကာင်္ပူမှာ စတင်မိတ်ဆက်သွားမှာ ဖြစ်ပြီး Beta ဗားရှင်းအနေနဲ့ စကာင်္ပူနိုင်ငံ ဆန်တိုဆာကျွန်းမှာ ၆ လကြာ စတင်မိတ်ဆက်သွားမှာပါ။ GrabCycle Beta ဗားရှင်းသုံးသူများဟာ Grab ရဲ့ တစ်ခြားဝန်ဆောင်မှုတွေ ဖြစ်တဲ့ oBike ၊ GBikes ၊ Anywheel နဲ့ Popscoot တို့ ကနေ စက်ဘီးနဲ့ စကူတာများ ငှားရမ်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူများအနေနဲ့ ငွေပေးချေမှုကို Grab ရဲ့ mobile payment platform ဖြစ်တဲ့ GrabPay ကနေ ပေးချေနိုင်မယ်လို့ ဆိုပါတယ်။

 

ဒီဝန်ဆောင်မှုဟာ တရုတ်နိုင်ငံမှာ Didi Chuxing လုပ်နေတဲ့ Ofo ဝန်ဆောင်မှုနဲ့ တူပါတယ်။ Ofo ကတော့ စက်ဘီးပိုင်ရှင်တွေနဲ့ ချိတ်ဆက်ပေးတာ ဖြစ်ပြီး စက်ဘီးအငှားဝန်ဆောင်မှုမှာ Ofo နဲ့ တရုတ်နိုင်ငံ ဘေဂျင်းအခြေစိုက် Mobike Technology ကုမ္ပဏီရဲ့ Mobile ဝန်ဆောင်မှုတို့ က ထိပ်ဆုံးက ရှိနေပါတယ်။ GrabCycle ဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး GrabVentures ရဲ့ အကြီးအကဲ ရူဘင် လိုင်ကတော့  ဒီဝန်ဆောင်မှုဟာ အများပြည်သူ သွားလာရေးကွန်ရက်ကို လွှမ်းခြုံနိုင်မှာ ဖြစ်ပြီး အစိုးရအဖွဲ့ အစည်းလိုလားတဲ့ စွမ်းအင်အသုံးနည်းပြီး နေပျော်တဲ့ မြို့ တော် တည်ဆောက်ရေးနဲ့ လည်း ကိုက်ညီမှု ရှိမယ်လို့ ပြောထားပါတယ်။

play

 

Grab ဟာ ယခု GrabCycle အနှေးယာဉ်များ ငှားရမ်းခြင်း ဝန်ဆောင်မှုကို နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်စေဖို့ ဒေသတွင်း supply chain ကုမ္ပဏီတစ်ခုဖြစ်တဲ့ YCH နဲ့ လည်း မိတ်ဘက်ပြု ပူးပေါင်းထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD