နည်းပညာပိုင်း ပူးပေါင်းမှုတွေလည်း ပါမှာပါ

အရှေ့တောင်အာရှရဲ့ အကြီးဆုံး အငှားယာဉ်ဝန်ဆောင်မှုကြီးတစ်ခု ဖြစ်တဲ့ Grab မှာ Microsoft ဟာ ရင်းနှီးမြှပ်နှံသွားမယ်လို့ကြေငြာထားပါတယ်။

microsoftgrab.jpg

Photo: Vulcan Post

 

Microsoft ဘက်မှ ရင်းနှီးမြှပ်နှံမယ့် ငွေပမာဏအကြောင်း ထုတ်ပြန်ခြင်း မရှိပေမယ့် Financial Times သတင်းမှာတော့ Microsoft ဟာ Grab မှာ ဒေါ်လာ သန်း ၂၀၀ ဝန်းကျင် ရင်းနှီးမြှပ်နှံခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ အချက်အလက်များနဲ့AI နည်းပညာပိုင်းမှာ လေ့လာတဲ့ နည်းပညာပရောဂျက်တွေမှာ ပူးပေါင်းဖို့ဖြစ်ပါတယ်။

သဘောတူညီချက်မှာတော့ Grab ဟာ Microsoft ရဲ့ cloud services ဖြစ်တဲ့ Azure ကို သုံးရမယ်လို့ဆိုတာကြောင့် Microsoft ဟာ Grab လုပ်ငန်းစုထဲ ငွေသားပဲ ရင်းနှီးမြှပ်နှံတာ မဖြစ်နိုင်ပါဘူး။ Azure cloud service သုံးတာအပြင် Grab အနေနဲ့ ဘာသာစကားမတူတဲ့ ယာဉ်မောင်းနဲ့ခရီးသည်အကြား တိုက်ရိုက်ဘာသာပြန်စနစ်နဲ့မျက်နှာပြင်ဖတ်စနစ်လို ဆော့ဖ်ဝဲလ်ပရောဂျက်တွေမှာပါ ပူးပေါင်းသွားမှာပါ။

ယခုပူးပေါင်းမှုဟာ Microsoft ရဲ့ အရှေ့တောင်အာရှ ကားအငှားဈေးကွက်ထဲ ပထမဆုံးရင်းနှီးမြှပ်နှံလိုက်တာလည်း ဖြစ်ပါတယ်။ ၂၀၁၅ မှာတော့ Microsoft ဟာ Uber မှာ ရင်းနှီးမြှပ်နှံခဲ့ပြီး ၂၀၁၇ မှာ အိန္ဒိယအခြေစိုက် Ola နဲ့Azure cloud service သုံးဖို့သဘောတူညီမှု လုပ်ဆောင်ခဲ့ပါတယ်။

Grab ကတော့ မကြာသေးခင်ကပဲ Toyota ဆီကနေ ဒေါ်လာ ၁ ဘီလျံ ရင်းနှီးမြှပ်နှံမှု ရထားသလို Softbank နဲ့Didi Chuxing တို့ဆီကလည်း ၂၀၁၇ မှာ အနည်းဆုံး ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှပ်နှံမှု ရှိခဲ့တာပါ။ လတ်တလော သတင်းများအရ SoftBank ဟာ Grab မှာ နောက်ထပ် ဒေါ်လာ သန်း ၅၀၀ ထည့်ဝင်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

စကာၤပူအခြေစိုက် Grab ကို လွန်ခဲ့တဲ့ ၆ နှစ်က တည်ထောင်ခဲ့တာ ဖြစ်ပြီး အရှေ့တောင်အာရှ ၈ နိုင်ငံမှ မြို့ပေါင်း ၂၃၅ မြို့မှာ ဝန်ဆောင်မှု ပေးနေတာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုများအနေနဲ့မိုဘိုင်း app မှာ ကားအငှားဝန်ဆောင်မှုအပြင် အစားအသောက်နဲ့ပစ္စည်းပို့ဆောင်ရေး ၊ အီလက်ထရောနစ် ငွေလွဲှငွေချေ လုပ်ငန်း ၊ အသေးစားချေးငွေလုပ်ငန်းများလည်း လုပ်ဆောင်နေပါတယ်။

Photo: CNBC

 

လက်ရှိမှာ Grab ဟာ ရင်းနှီးမြှပ်နှံသူများဆီကနေ ဒေါ်လာ ၆ ဘီလျံကျော် ရထားပြီး ဒေါ်လာ ၁၁ ဘီလျံ ဝန်းကျင်တန်တဲ့ အငှားယာဉ်လုပ်ငန်းစု ဖြစ်နေပြီလို့ဆိုပါတယ်။

Share

Loading Next Article...
က္က