ဈေးကွက် လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး ဥပဒေနဲ့အရေးယူခဲ့တာပါ

စကာၤပူ စားသုံးသူ ကော်မရှင်ရေးရာ အဖွဲ့အစည်းကတော့ ဈေးကွက်လက်ဝါးကြီး အုပ်နိုင်တဲ့ အဖြစ်ကြောင့် Grab နဲ့Uber တို့ကို ဒဏ်ရိုက်လိုက်ပြီ ဖြစ်ပါတယ်။

jtpress240918.jpg

Photo: Straits Times

 

မတ်လကုန်ပိုင်းက Uber ရဲ့ အရှေ့တောင်အာရှ စီးပွားရေး အရပ်ရပ်ကို Grab မှ ဝယ်ယူလိုက်ပြီးနောက် ကားအငှားဈေးကွက်မှာ ပြိုင်ဘက်မရှိအောင် လက်ဝါးကြီး အုပ်မှု ဖြစ်စေခဲ့တယ်လို့စကာၤပူပြိုင်ဆိုင်မှုနဲ့စားသုံးသူ ကော်မရှင် CCCS က ဆိုပါတယ်။

 ဒါကြောင့်ပဲ ဈေးကွက်ပြိုင်ဆိုင်မှုကို ခြိမ်းခြောက်နိုင်တဲ့ လုပ်ငန်းတူ ပူးပေါင်းမှုကို ဒဏ်တပ်တဲ့ အနေနဲ့CCCS ဟာ Grabd ကို စကာၤပူဒေါ်လာ ၆.၄၂ သန်း ၊ Uber ကို စကာၤပူဒေါ်လာ ၆.၅၈ သန်း စုစုပေါင်း စကာၤပူဒေါ်လာ ၁၃ သန်း ဒဏ်ရိုက်ခဲ့တာပါ။

အမေရိကန် မိုဘိုင်း app ကားအငှားဝန်ဆောင်မှုလုပ်ငန်း Uber ဟာ ပြီးခဲ့တဲ့ မတ်လ တတိယအပတ်ထဲမှာ အရှေ့တောင်အာရှမှ ကုမ္ပဏီရဲ့ စီးပွားရေး အားလုံးကို စကာၤပူအခြေစိုက် Grab ထံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

အရောင်းအဝယ် သဘောတူညီချက်အနေနဲ့Uber ဟာ Grab ရဲ့ လုပ်ငန်းရှယ်ယာတွေထဲက ၂၇.၅% ကို ပိုင်ဆိုင်ခဲ့ပါတယ်။ CCCS ဟာ ဒီအရောင်းအဝယ် သဘောတူတဲ့ နေ့ကစပြီး ဈေးကွက် လက်ဝါးကြီးအုပ်မှု ဆန့်ကျင်ရေး ဥပဒေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးခဲ့တာပါ။

CCSS ရဲ့ စုံစမ်းချက်အရ Grab ဟာ အနီးကပ်ဆုံး ပြိုင်ဘက် Uber ကို ဖယ်ရှားပြီးနောက် ကားအငှားခများကို ၁၀% ကနေ ၁၅% ထိ တိုးမြှင့်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ကော်မရှင်ခနဲ့ပတ်သက်ပြီး Grab ယာဉ်မောင်းတွေ ဘက်ကရော စီးနင်းလိုက်ပါကြတဲ့ ခရီးသည်တွေဆီကပါ တိုင်ကြားစာ အမြောက်အများ ရရှိခဲတယ်လို့ဆိုပါတယ်။

Grab ဟာ ခရီးသည်များ ငှားစီးကြတဲ့ အကြိမ်ရေပေါ်လိုက်ပြီး ပွိုင့်ပေး ဈေးလျှော့နိုင်တဲ့ GrabRewards အစီအစဉ်ကို ပြောင်းလဲမှုလုပ်ပြီးနောက် ခရီးသည်များမှ ဝေဖန်သံများ ထွက်ပေါ်လာခဲ့သလို ယာဉ်မောင်းများရဲ့ စွမ်းဆောင်ရည်ပေါ် လိုက်ပြီး ဘောနပ်စ်နဲ့ပရိုမိုးရှင်းပေးတာတွေကို လျှော့ချခဲ့ပါတယ်။

လက်ရှိမှာ Grab ဟာ ဈေးကွက်ဝေစုရဲ့ ၈၀% ကို ကိုင်ထားပြီး ပြိုင်ဘက် တက္ကစီ ကုမ္ပဏီများ ၊ ကားအငှားလုပ်ငန်းများ ကို ဈေးကွက်မှာ ဦးနှိမ်မှုများလုပ်ဆောင်ထားတယ်လို့CCCS က ဆိုပါတယ်။

Photo: Today Online

 

စကာၤပူ ကုန်းလမ်းသယ်ပို့အာဏာပိုင်များကတော့ CCCS ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ယင်းကဏ္ဍအတွက် စည်းမျဉ်းထိန်းချုပ်မှုပိုင်းကို စဉ်ဆက်မပြတ် စောင့်ကြည့်အရေးယူသွားမယ်လို့ပြောပါတယ်။

Share

Loading Next Article...
က္က