တစ်ဖွဲ့ကို ၃ ဦးနှုန်းနဲ့ဝင်ပြိုင်နိုင်ပါတယ်။

Ooredoo နဲ့UNDP တို့ပူးပေါင်းပြီး Hackathon ပြိုင်ပွဲတစ်ရပ်ကို လာမယ့် ဒီဇင်ဘာ ၈ ရက်နဲ့၉ ရက် နှစ်ရက်တာ ကျင်းပသွားမယ်လို့ဆိုပါတယ်။



OML-UNDP-Panelists.jpg

Photo: Ooredoo

 

ဒီပြိုင်ပွဲကို ရန်ကုန်နဲ့မန္တလေးတို့မှာ ရှိတဲ့ Ooredoo ရုံးနှစ်နေရာမှာ တစ်ပြိုင်နက်တည်း ကျင်းပသွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ နှစ်စဉ် Hackathon ပြိုင်ပွဲတွေထဲမှာ အကြီးဆုံး ပြိုင်ပွဲအဖြစ် ကျင်းပသွားမှာပါ။

Hackathon 2018 မှာ “စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာစနစ်များတွင် အမျိုးသမီးများနှင့် လူငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း”ခေါင်းစဉ်နဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အများဆုံး ပြိုင်ပွဲဝင်တစ်ဖွဲ့ကို ၃ ဦး နဲ့ဝင်ပြိုင်နိုင်မယ်လို့ဆိုပါတယ်။

ပြိုင်ပွဲဝင်များဟာ Hackathon 2018 ပြိုင်ပွဲမှာ Ooredoo မှ ပေးထားတဲ့ APIs service (Charging & SMS) ကို သုံးပြီး အန်းဒရိုက် app တစ်ခု ဖန်တီးရမှာပါ။ ဒီပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်များကို Impact Hub Yangong မှ ကျွမ်းကျင်သူများမှ လိုအပ်တဲ့ အနီးကပ် လမ်းညွှန်မှုများ ပြုလုပ်ပေးသွားမယ်လို့ဆိုပါတယ်။

Hackathon 2018 ပွဲအတွက် နိုဝင်ဘာ ၂၅ ရက်နေ့နောက်ဆုံးထားပြီး http://bit.ly/hackmm2018 ကနေတစ်ဆင့် စာရင်းသွင်း လျှောက်ထားနိုင်မှာပါ။

ရွေးချယ်ခံရတဲ့ အဖွဲ့များကို UNCTAD နဲ့UNDP မှ ပညာရှင်များ ဦးဆောင်ကျင်းပမယ့် ၆ ရက်ကြာ စီးပွားရေး စွမ်းဆောင်ရှင် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခွင့် ရမှာ ဖြစ်သလို  Impact Hub Yangon ရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုတွေကိုလည်း အသုံးပြုခွင့် ရမှာ ဖြစ်ပါတယ်။

Photo: Impact Hub Yangon

 

Hackaton ပြိုင်ပွဲတွေဟာ ကိုယ့်မှာ ရှိထားတဲ့ အိုင်ဒီယာကောင်းတစ်ခုကို programming နည်းပညာများနဲ့ပေါင်းစပ်ပြီး သတ်မှတ်အချိန်အတွင်း Develop လုပ်ရတာ ဖြစ်ပါတယ်။ Hackathon 2018 ကတော့ မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုနဲ့စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ (SDGs) ပြည့်မြောက်ရေးမှာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးဖို့အတွက် စီစဉ်ကျင်းပလိုက်တာလို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က