AD
AD
AD

လာမယ့်ဇန်န၀ါရီ (၂၅) ရက်မှာကျင်းပမယ့် Myanmar Cyber Security Challenge 2018 ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေကို ဒီနေ့ (ဇန်နဝါရီလ ၁၂ ရက်နေ့ မှာ) ရှင်းလင်းပြောကြားမယ်လို့သိရပါတယ်။

play

 

ရန်ကုန်ကွန်ပျုတာတ္ကသိုလ် University of Computer Studies, Yangon မှာ ဒီနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ (သောကြာနေ့)၊ နံနက် ၁၀ နာရီကနေ ၁၁ နာရီအ ထိလည်းကောင်း၊ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် University of Information Technology - UIT မှာ နေ့လည် ၁၂း ၂၀ ကနေ ၁း၂၀ အထိလည်းကောင်း ရှင်းလင်းပြောကြားမှာပါ။ ပြိုင်ပွဲဝင်လျှောက်လွှာတွေကို တစ်ပါတည်းယူဆောင်လာမှာဖြစ်လို့ ပြိုင်ပွဲအတွက်လျှောက်လွှာစာရင်း ပေးသွင်းခြင်းကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

MICT Park မှာကျင်းပသွားမယ့် အဲဒီအခမ်းအနားမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိသူတွေကို ဇန်န၀ါရီ ၂၀ မှာ ကြေညာသွားမှာဖြစ်ပြီး ဇန်န၀ါရီ ၁၂ ရက်မှာ လျှောက်လွှာပိတ်မှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေ ကို www.mcf.org.mm, www.mcpamyanmar.org.mm, www.mmcert.org.mm တို့မှာ Download ရယူနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ လူငယ်တွေအနေနဲ့ Cyber Security ပိုင်းဆိုင်ရာအသိအမြင်နဲ့ကျွမ်းကျင်မှုတွေတိုးတက်လာ စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး အသက် ၃၀ ထက်မကြီးတဲ့မြန်မာနိုင်ငံသားတွေပါဝင်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အဖွဲ့တစ်ဖွဲ့မှာ ခေါင်းဆောင်အပါအ၀င် အဖွဲ့ဝင်သုံးဦးရှိရမှာဖြစ် တယ်လို့သိရပါတယ်။ ပညာသင်ယူနေဆဲသူဆိုရင် တော့ သက်ဆိုင်ရာကျောင်းကခွင့်ပြုချက်ပါရမယ်လို့ လည်း သိရပါတယ်။

Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD