မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း (MES) နဲ့ Myanmar Promotional Services Co.Ltd တို့ မှ ပူးပေါင်းပြီး တတိယအကြိမ်မြောက် တီထွင်ဖန်တီးမှုစွမ်းရည်ပြိုင်ပွဲတစ်ရပ် ကျင်းပသွားတော့မှာ ဖြစ်ပြီး ယင်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ထားပါတယ။်

play

 

ကဏ္ဍလေးခုပါဝင်ပြီး အိုင်တီနဲ့ အင်ဂျင်နီယာနယ်ပယ်အတွင်းမှ စိတ်ဝင်စားသူမည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာပါ။ Inventor Award အတွက် Engineering University ၊ Technical College ၊ Technical High School နှင့် Open Competition ဆိုပြီး ကဏ္ဍ ၄ ခု ပါဝင်မှာ ဖြစ်ပြီး ဆုကြေးများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။ ဒီပွဲကိုတော့ စတုတ္ထအကြိမ် နိုင်ငံတကာနည်းပညာပြပွဲကြီး (4th International Technology & Industry Show 2018 Yangon)မှာ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲကျင်းပမယ့် နေရာကတော့ ရန်ကုန်မြို့ ၊ ဦးဝိစာရလမ်းပေါ်ရှိ တပ်မတော်ခန်းမ ပြခန်းမှာ ဇန်နဝါရီလ ၂၆ ရက်မှ ၂၈ ရက်အထိ (မနက် ၉ နာရီမှ ညနေ ၅ နာရီ) သုံးရက်တိုင် ကျင်းပသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video