AD
AD
AD

အရှေ့ တောင်အာရှမှာ Uber ရဲ့ အကြီးဆုံး ပြိုင်ဘက် Grab တက္ကစီဝန်ဆောင်မှုအတွက် နောက်ထပ်ရင်းနှီးမြှပ်နှံသူအသစ်ကတော့ တောင်ကိုရီးယားကားကုမ္ပဏီ Hyundai ပဲ ဖြစ်ပါတယ်။

play

 

စကာင်္ပူအခြေစိုက် Grab ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ SoftBank နဲ့ တရုတ်တက္ကစီယာဉ်ဝန်ဆောင်မှု Didi Chuxing တို့ ဆီမျှ ဒေါ်လာ ၂ ဘီလျံအထိ ရင်းနှီးမြှပ်နှံမှု ရထားခဲ့တာပါ။ အခုလို အင်အားကြီးကုမ္ပဏီများရဲ့ ရင်းနှီးမြှပ်နှံမှု ရသွားခဲ့တဲ့ Grab ဟာ နောက်ထပ် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှပ်နှံမယ့် ကုမ္ပဏီရှာနေခဲ့တာပါ။ Hyundai ကားကုမ္ပဏီဆီက ဘယ်လောက်ရင်းနှီးမြှပ်နှံမှု ရသွားခဲ့သလဲ မကြေငြာရသေးတာကြောင့် မသိရသေးပါဘူး။

Hyundai နဲ့ အပြိုင် Toyota ကားကုမ္ပဏီကလည်း Next Technology Fund ကနေတစ်ဆင့် Grab ဆီ ရင်းနှီးမြှပ်နှံထားခဲ့တယ်လို့ ဆိုပါတယ်။ Hyundai ကားကုမ္ပဏီကလည်း အင်ဒိုနီးရှားနဲ့ ဗီယက်နမ်အပါအဝင် အရှေ့ တောင်အာရှနိုင်ငံများမှာ ကားစက်ရုံတည်ဖို့ စဉ်းစားနေတာာပါ။ ဒီအချိန်မှာ Grab ကလည်း ကုမ္ပဏီရဲ့ ရှစ်ခုမြောက် အရှေ့ တောင်အာရှနိုင်ငံဆီ ဈေးကွက်ချဲ့ ထွင်ထားတာကြောင့် အရှေ့ တောင်အာရှတစ်ခွင်မှာ Grab နဲ့ Hyundai တို့ ရဲ့ အလားအလာပိုကျယ်လာတော့မှာပါ။ Grab ဟာ Hyundai နဲ့ ပေါင်းပြီး IONIQ Electirc ကားလိုမျိုး လျှပ်စစ်ကားများကို သုံးပြီး ဝန်ဆောင်မှုပေးသွားမယ်လို့ လည်း ကြေငြာချက်မှာ ထုတ်ပြန်ထားပါတယ်။

play

 

၂၀၁၂ ခုနှစ်အတွင်းက မလေးရှားနိုင်ငံမှာ စတင်တည်ထောင်ခဲ့ပြီး ယာဉ်အမျိုးမျိုး ငှားရမ်းတဲ့ လုပ်ငန်းတစ်ခုကနေ ကိုယ်ပိုင်ယာဉ်မောင်းများကို အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်ပြီး ခရီးသွားဝန်ဆောင်မှု ပေးခြင်းကနေ Grab ဟာ အကြီးအကျယ် အောင်မြင်လာခဲ့ပါတယ်။ ဒီနေ့ ဆို Grab app ကနေ နေ့ စဉ်ခရီးသွားသူ ၃ သန်း နီးပါး နဲ့ ယာဉ်မောင်း ၁.၁ သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD