ဆုကြေးငွေ သိန်း ၅၀ အထိ ပေးသွားမယ့် နည်းပညာစွန့် ဦးတီထွင်မှုပြိုင်ပွဲမှာ ပါဝင်လိုသူများအနေနဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။

play

 

မြန်မာဘာသာနဲ့ presentation လုပ်ပြီး ယှဉ်ပြိုင်နိုင်တဲ့ ဒီပြုင်ပွဲမှာ တစ်ဖွဲ့ ကို ၂ ဦးမှ ၅ ဦးအထိ ပါဝင်နိုင်ပြီး Entertainment, Open Data, Civic Tech, Business, Agriculture, Society, Health Care, Education စတဲ့ နယ်ပယ်တွေနဲ့ သက်ဆိုင်တဲ့ ထုတ်ကုန်/ဝန်ဆောင်မှုတစ်ခုခုနဲ့ ယှဉ်ပြိုင်ရမှာပါ။ အနိုင်ရြိပုင်ပွဲဝင်များအနေနဲ့ MICT Park ၊ Kanaung Hub မှာ ရုံးနေရာပေးပြီး ၆ လအလုပ်လုပ်နိုင်ခွင့်ရမှာ ဖြစ်ပြီး တိုင်းနဲ့ ပြည်နယ်အသီးသီမှ ဆန်ကာတင် ၁၀ သင်းရွေးပြီး အကောင်းဆုံး ၃ သင်းကို ဆုပေးသွားမှာပါ။ ကျန် ၇ သင်းကိုတော့ နှစ်သိမ့်ဆုများ ချီးမြှင့်သွားမယ်လို့ ဆိုပါတယ်။

အနိုင်ရအသင်းကို ဖေဖော်ဝါရီလ ၁၁ ၇က်နေ့ မှာ ကြေငြာသွားမှာ ဖြစ်ပြီး ဆုကြေးငွေ ကျပ်သိန်း ၅၀ နဲ့ အတူ မတ်လမှ စတင်ပြီး မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ရဲ့ စီးပွားရေးလုပ်ငန်းဖွံြ့ဖိုးတိုးတက်ရေး အထောက်အကူပြု စင်တာ ဖြစ်တဲ့ Kanaung Hub မှာ တစ်ခြား အောင်မြင်ပြီး လုပ်ငန်းများနဲ့ အတူ အနီးကပ်လက်တွဲ လုပ်နိုင်မှာပါ။

Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video