Huawei မှာ client ၂၃ ဦး ရှိပါတယ်။

လတ်တလောမှာ ဖိအားပေး ပိတ်ဆို့မှုတွေ ရှိထားပေမယ့် ပေါ်တူဂီနိုင်ငံမှ Altice ဖုန်းကွန်ရက်ကတော့ Huawei နဲ့ပူးပေါင်းပြီး 5G ကွန်ရက်ကို သွားဖို့သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။



LYNXMPEE6413B_L.jpg

Photo: Independent Recorder

 

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းအခြေစိုက် Altice ဟာ ပေါ်တူဂီရဲ့ အကြီးဆုံး တယ်လီကွန်း service provider ကြီး ဖြစ်ပြီး ၂၀၁၉ မှာ 5G ကွန်ရက်အဆင့်မြှင့်တင်ဖို့ကြိုးပမ်းနေတာပါ။ Huawei တယ်လီကွန်းရဲ့ ၂၃ ခုမြောက် ဖောက်သည်ဖြစ်တဲ့ Altice ဟာ Huawei ဆီက 5G အတွက် လိုအပ်တဲ့ ပစ္စည်း အစိတ်အပိုင်းတွေနဲ့ဆော့ဖ်ဝဲလ်တွေ ဝယ်ယူသွားဖို့သဘောတူထားတာ ဖြစ်ပါတယ်။

Huawei ဟာ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းလုပ်ငန်းစုကြီး ဖြစ်ပြီး ဥရောပဈေးကွက်မှာ ဖောက်သည်ကုမ္ပဏီ ၁၅ ခု ၊ အရှေ့အလယ်ပိုင်းမှာ ၅ ခုနဲ့အာရှမှာ ၃ ခု ရထားပါတယ်။ 5G မျိုးဆက်တယ်လီကွန်း နည်းပညာပိုင်းအတွက် supplier တွေထဲမှာ Huawei ဟာ Nokia နဲ့Ericsson တို့ရဲ့ အရှေ့ကို ရောက်နေတာလည်း ဖြစ်ပါတယ်။

Alice ကတော့ Huawei နဲ့၂၀၁၆ ခုနှစ်ကစပြီး လက်တွဲလာပြီး ပေါ်တူဂီနိုင်ငံမှာ ရှိတဲ့ 5G ကွန်ရက်ဖွံ့ဖြိုးရေးအတွက် လိုအပ်တဲ့ ကွန်ရက်ပိုင်း လေ့ကျင့်မယ့် အစီအစဉ်တွေပါ လုပ်ဆောင်ထားတာပါ။

"ံHuawei ဟာ Altice အတွက် နှစ်ပေါင်းများစွာကတည်းက ယုံကြည်ရတဲ့ စီးပွားဖက်အဖြစ် ရှိခဲ့ပါတယ်။ ရှေ့ကိုလည်း ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအကျိုးအတွက် နည်းပညာသစ် ဖော်ဆောင်ရေးမှာ အတူလက်တွဲသွားမှာ ဖြစ်သလို စီးပွားရေး ပုံစံနဲ့ဝန်ဆောင်မှုသစ်တွေပေးအပ်သွားမှာပါ" လို့Alice ရဲ့ CEO အလက်ဇန်းဒရီး ဖွန်ဆီကာက ဆိုပါတယ်။

Photo: Brand Icon Image

 

Huawei ဟာ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုနဲ့ကြုံတွေ့နေတာပါ။ လောလောဆယ်မှာ အမေရိကန်အစိုးရဘက်မှ မဟာမိတ်နိုင်ငံတွေ အနေနဲ့Huawei ထုတ်ကုန်တွေ မသုံးဖို့တိုက်တွန်းပြောကြားထားပြီး သြစတြေးလျနဲ့နယူးဇီလန်တို့မှလည်း နိုင်ငံရဲ့ 5G အဆင့်မြှင့်တင်ရေးမှာ Huawei ပါဝင်မလာစေဖို့ပိတ်ပင်ငြင်းဆန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က