ဒီနှစ်ထဲမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။

ဒီနှစ်ထဲမှာ Apple ကို ကျော်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာ ရောက်လာတဲ့ Huawei ကတော့ ၂၀၂၀ မှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာအတွက်ပါ ယုံကြည်မှု ရှိထားတယ်လိ့ဆိုပါတယ်။



huawei-mate-20-3.jpg

Photo: Rappler

 

၂၀၁၈ဧပြီလက Huawei P20 မိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ CEO ယုချန်တောင်က ဒီနှစ်ကုန်ပိုင်းမှာ Apple ရဲ့ နေရာကို ယူနိုင်မယ်လို့ပြောခဲ့ပါတယ်။ ကုမ္ပဏီရဲ့ တိုးတက်မှုနှုန်းဟာ သူထင်တာထက် မြန်ခဲ့ပြီး ၂၀၁၈ ဒုတိယနဲ့တတိယသုံးပတ်များမှာ Huawei ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖုန်းကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ လက်ရှိနေရာမှာလည်း Huawei ဟာ Samsung နဲ့သိပ်မကွာဘဲ ကပ်လိုက်နေတယ်လို့ဆိုပါတယ်။

"နောက်နှစ်မှာ Huawei နဲ့ကမ္ဘာ့အကြီးဆုံးဖုန်းကုမ္ပဏီဆိုတဲ့ အနေအထားက ကွာဟချက်ဟာ အလွန့်ကို နည်းသွားပါလိမ့်မယ်။ ပြောရရင် Samsung နဲ့တောင် တစ်တန်းတည်းလို ဖြစ်သွားနိုင်ပါတယ်။ ၂၀၂၀ ရောက်ရင်တော့ ကျွန်တော်တို့ဟာ ပထမနေရာ ရဖို့အခွင့်အရေး ရှိလာပါလိမ့်မယ် "လို့ယုချန်တောင်က ပြောပါတယ်။

၂၀၁၆ နှစ်ဆန်းပိုင်းက Huawei မှာ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ယုချန်တောင်ဟာ ထိုအချိန်က နောက် ၂ နှစ် ၃ နှစ်အတွင်း Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာ ရောက်အောင် ကြိုးစားသွားမယ်လို့ပြောခဲ့ဖူးပါတယ်။ ထိုစဉ်က Huawei ရဲ့ ပန်းတိုင်ဟာ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာဖို့ရည်မှန်းထားပြီး အခုချိန်မှာတော့ ပန်းတိုင်ကို ၂၀၂၀ဆီ ရွှေ့ထားလိုက်ပါတယ်။

Huawei ဟာ ၂၀၁၀ ရောက်မှ ကိုယ်ပိုင်အမှတ်တံဆိပ် android ဖုန်းဖြစ်တဲ့ Huawei U8150 IDEOS ကို ယူရို ၆၀ တည်းနဲ့စတင်မိတ်ဆက်ခဲ့တာပါ။ ဒီနေ့အချိန်မှာတော့ Huawei ရဲ့ flagship ဖုန်းတစ်လုံးဟာ ယူရို ၁၀၀၀ ကျော်နေပြီ ဖြစ်ပါတယ်။ ယုချန်တောင်ရဲ့ အဆိုအရ နောက် ၁၀ နှစ်အတွက် အကြီးဆုံးအပြောင်းအလဲဟာ ဖုန်းတွေရဲ့ AI စွမ်းရည်ဖြစ်မယ်လို့ဆိုပါတယ်။

Huawei အနေနဲ့စမတ်လူသုံးကုန်ဈေးကွက်မှာ ထိပ်တန်းရောက်အောင် ကြိုးပမ်းသွားဖို့ရှိပါတယ်။ လာမယ့် ၁ နှစ် ၂ နှစ်အတွင်း Huawei ဟာ ခေါက်သိမ်းနိုင်ပြီး multilens စနစ်သုံး 5G ဖုန်းတွေကို မိတ်ဆက်ဖို့အသင့်ပြင်ထားပါတယ်။

Photo: Huawei

 

Huawei ဟာ မျိုးဆက်သစ် ကွန်ရက်နည်းပညာ ဖြစ်တဲ့ 5G ကွန်ရက်အတွက် ကမ္ဘာ့အကြီးဆုံး vendors များ စာရင်းမှာ ပါဝင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က