ကနေဒါနိုင်ငံ တရုတ်သံရုံးက ကန့်ကွက်ထားပါတယ်။

Huawei ကုမ္ပဏီကိုု တည်ထောင်သူရဲ့ သမီးလည်း ဖြစ်သလို Huawei ရဲ့ Globla CFO လည်း ဖြစ်တဲ့ အမျိုးသမီးကို ဒီဇင်ဘာ ၁ ရက်နေ့က ကနေဒါနိုင်ငံ ဗန်ကူးပါးမှာ ဖမ်းဆီးထားတယ်လို့ဆိုပါတယ်။


https_%2F%2Fcdn.cnn.com%2Fcnnnext%2Fdam%2Fassets%2F181205172745-01-wanzhou-meng-file.jpg

Photo: CNN

 

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်း လုပ်ငန်းစုကြီးဖြစ်တဲ့ Huawei ရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် မန်ဝမ်ဇောင်ကို ဖမ်းထားတဲ့ အကြောင်းအရင်းကတော့ အခုထိ မသိရသေးပါဘူး။ လောလောဆယ်မှာ အမေရိကန်ဘက်မှ စီးပွားရေးပိတ်ဆို့အရေးယူထားတဲ့ အီရန်ဈေးကွက်ပေါ် ဝင်ရောက်နေတဲ့ Huawei ရဲ့ ကိစ္စကို စုံစမ်းမှုလည်း လုပ်ဆောင်နေတာပါ။

Huawei ဘက်ကလည်း မစ္စမန် ဘာတွေ အမှားလုပ်မိလဲဆိုတာ မသိဘူးလို့ပြောထားပါတယ်။ သတင်းတွေမှာတော့ ဒါဟာ အမေရိကန်- တရုတ် ဆက်ဆံရေး ကြိုးတင်းစေမယ့် အမှုတစ်ခုလို့ပြောနေကြပါတယ်။ မန်ဝမ်ဇောင်ဟာ Huawei ရဲ့ founder ဖြစ်တဲ့ ရန်ဇီဖိန်းရဲ့ သမီးလည်း ဖြစ်သလို ဘုတ်အဖွဲ့ဝင် လက်ထောက် chairman လည်း ဖြစ်ပါတယ်။

အမေရိကန်ထောက်လှမ်းရေးအေဂျင်စီများရဲ့ အဆိုအရ Huawei ကို တည်ထောင်ခဲ့တဲ့ ရန်ဇီဖိန်းဟာ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်အရာရှိဟောင်းတစ်ဦး ဖြစ်ခဲ့ပြီး တရုတ်အစိုးရရဲံ လက်ရုံးဖြစ်တယ်လို့သတ်မှတ်ထားပါတယ်။ ယခု မန်ဝမ်ဇောင်ကို ဖမ်းဆီးမှုကို ကနေဒါနိုင်ငံ တရုတ်သံရုံးမှ ကန့်ကွက်ထားပြီး လွှတ်ပေးဖို့တောင်းဆိုထားပါတယ်။

Photo: foxnews



"အမေရိကန်ဘက်က တောင်းဆိုမှုနဲ့ကနေဒါနိုင်ငံအနေနဲ့တရုတ်နိုင်ငံသားတစ်ယောက်ကို ကနေဒါဥပဒေရော ကန်ဥပဒေပါ မချိုးဖောက်ဘဲနဲ့ဖမ်းဆီးထားခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့ဒီဖြစ်ရပ်ကို လူ့အခွင့်အရေးတွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့ လုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်" လို့သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မကြာသေးခင်ကပဲ G20 တွေ့ဆုံပွဲမှာ တရုတ်သမ္မတ ရှီကျင်းဖျင့်နဲ့ကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ ရက် ၉၀ အခွန်သဘောတူညီမှု ရထားတာပါ။ နိုဝင်ဘာလထဲမှာတော တရုတ်နဲ့အမေရိကန် နှစ်ဘက်အစိုးရတို့ဟာ မကြာသေးမီက ပါပူဝါ နယူးဂီနီယာမှာ ကျင်းပခဲ့တဲ့ APEC ဆွေးနွေးပွဲမှာလည်း အခြေအတင်ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း လုံခြုံရေးကို အကြောင်းပြုပြီး တရုတ်မှ Huawei ထုတ် ဆက်သွယ်ရေးပစ္စည်း အစိတ်အပိုင်းတွေ မဝယ်ကြဖို့အမေရိကန်အစိုးရဟာ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို စည်းရုံးသိမ်းသွင်းထားသလို တရုတ်ထုတ် ပစ္စည်းတွေ မသုံးတဲ့ နိုင်ငံတွေကို ငွေကြေး အကူအညီပေးဖို့စဉ်းစားနေတယ်လို့Wall Street Journal က ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က