ဥရောပရှယ်ယာကုမ္ပဏီတွေလည်း ၂ နှစ်အတွင်း အဆိုးဝါးဆုံးအခြေအနေပါ

ကနေဒါမှာ Huawei တည်ထောင်သူရဲ့ သမီးအဖမ်းခံရတဲ့ ဂယက်ကြောင့် ဥရောပနဲ့အာရှက chip ကုမ္ပဏီတွေပါ ရှယ်ယာဈေး အထိနာလာပြီလို့ဆိုပါတယ်။

Photo: CityNews Toronto

 

တရုတ်နိုင်ငံရဲ့ အထင်ကရ တယ်လီကွန်းလုပ်ငန်းစုကြီး ဖြစ်တဲ့ Huawei ရဲ့ CFO တစ်ဦးကို အမေရိကန်ရဲ့ ဆန်ရှင်ချိုးဖောက်မှုနဲ့ဆက်စပ်ပြီး ကနေဒါမှာ ဖမ်းဆီးထားမှုဟာ ကမ္ဘာ့နည်းပညာ စီးပွားရေးအသိုင်းအဝိုင်းပေါ်ပါ သက်ရောက်မှု ရှိခဲ့တာပါ။

ဒီဇင်ဘာ ၁ ရက်နေ့က Huawei တည်ထောင်သူ ရန်ဇီဖိန်းနဲ့သမီးဖြစ်သူ မစ္စမန်ဝမ်ဇောင်ကို ဗန်ကူးပါးမှာ ဖမ်းဆီးခဲ့ပေမယ့် ဖမ်းဆီးတဲ့အကြောင်းကို ကာယကံရှင်ရဲ့ တောင်းဆိုမှုအရ လူသိရှင်ကြား မထုတ်ပြန်ခဲ့ဘူးလို့BBC သတင်းဌာနက ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်ကြောင့် တရုတ်နဲ့အမေရိကန်ကုန်သွယ်ရေး တင်းမာမှု ပြန်ပြီး အသက်ဝင်လာမလား စိုးရိမ်မှုတွေနဲ့အတူ ကမ္ဘာ့ chip စတော့ ဈေးကွက်ဟာ လှုပ်ခတ်လာခဲ့ပါတယ်။ သြစတြေးလျမှ ချပ်စ်ကုမ္ပဏီ AMS ရဲ့ ရှယ်ယာဆို ၇% ထိုးကျသွားခဲ့သလို ဆွစ်ဇာလန်မှ STMicroelectronics နဲ့ယူကေမှ Dialog Semiconductor တို့ဟာ ရှယ်ယာဈေး ၄% နဲ့၃% ဝန်းကျင်ထိ ကျဆင်းခဲ့ပါတယ်။

အာရှ chipmaker တွေဟာ ရှယ်ယာဈေး ကျဆင်းမှုကို အရင်ဆုံး ကြုံတွေ့ခဲ့တာပါ။ ဂျပန်မှ Sumco ၊ Tokyo Electron နဲ့Advantest တို့ရဲ့ ရှယ်ယာတန်ဖိုးဟာ ၅% ခန့်ကျဆင်းသွားခဲ့ပါတယ်။ supply chain များအပေါ် မှီခိုနေရတဲ့ chipmakers တွေဟာ အမေရိကန်နဲ့တရုတ်ရဲ့ ကုန်သွယ်ရေး အားပြိုင်မှုအောက်မှာ စီးပွားရေး အတက်အကျနဲ့ကြုံနေတာပါ။

မကြာသေးမီက တရုတ်အမေရိကန် တို့မှ ကုန်သွယ်ခွန်သစ် ကောက်ခံမှုကို ရက် ၉၀ ဆိုင်းငံ့တဲ့ ကြေငြာချက်ထွက်လာပြီးနောက် ကမ္ဘာ့ချပ်စ်ကုမ္ပဏီတွေဟာ စီးပွားရေး အညွှန်းကိန်း မြင့်တက်လာခဲ့ပါတယ်။

Huawei CFO တစ်ယောက် အဖမ်းခံရပြီးနောက်မှာတော့ မသေချာမှုတွေ စတင်လာပြီ ဖြစ်ပါတယ်။ ဥရောပရှယ်ယာဈေးကွက်တွေမှာလည်း နှစ်နှစ်အတွင်း အဆိုးဝါးဆုံး ရှယ်ယာဈေးကျဆင်းမှုနဲ့ကြုံတွေ့ခဲ့ပါတယ်။

Photo: Business Recorder

 

ကနေဒါတရားရုံးရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်အစိုးရဘက်မှ စီးပွားရေး ပိတ်ဆို့အရေးယူထားတဲ့ အီရန်ဈေးကွက်ထဲ Huawei ဝင်ရောက်မှုကြောင့် မန်ဝမ်ဇောင်ကို ဖမ်းဆီးထားတာလို့ဆိုပါတယ်။ မန်ဝမ်ဇောင် ဖမ်းဆီးခံထားရမှုပေါ် ကနေဒါနိုင်ငံ တရုတ်သံရုံးမှ ကန့်ကွက် ရှုံ့ချထားပြီး အမြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က