မကြာခင် တရားဝင်ကြေငြာဖို့ရှိပါတယ်

ဂျပန်အစိုးရဟာ လုံခြုံရေးစိုးရိမ်ချက်ကြောင့် Huawei နဲ့ZTE တို့ရဲ့ နည်းပညာပစ္စည်းတွေ အသုံးပြုမှုကို ပိတ်ပင်သွားဖို့ရှိတယ်လို့ဆိုပါတယ်။



file-photo--people-walk-past-a-sign-board-of-huawei-at-ces--consumer-electronics-show--asia-2018-in-shanghai-2.jpg

Photo: Reuters

 

Yomiuri သတင်းစာမှာ ဒီသတင်းကို အရင်ဆုံး ဖော်ပြခဲ့တာ ဖြစ်ပြီး Huawei ကို အစိုးရကန်ထရိုက်ပေးမယ့် ပစ္စည်းအဝယ်ပိုင်းဆိုင်ရာ စည်းမျဉ်းတွေကို ပြန်ပြီး သုံးသပ်သွားဖို့ရှိတယ်လို့ဖော်ပြထားပါတယ်။ Huawei နဲ့ZTE တို့ကို တားမြစ်ပိတ်ပင်ရတဲ့ အကြောင်းတစ်ခုကတော့ ဆိုက်ဘာတိုက်ခိုက်မှုနဲ့အချက်အလက် ပေါက်ကြားမှုကို ကာကွယ်ဖို့အတွက်လို့ဆိုပါတယ်။

ဂျပန်အစိုးရအနေနဲ့Huawei ပစ္စည်းဝယ်ယူမှု မပြုဖို့တရားဝင်ကြေငြာချက်ကို မကြာခင် ထုတ်ပြန်သွားဖို့ရှိနေပါတယ်။ တလောကပဲ သြစတြေးလျနဲ့နယူးဇီလန်တို့ဟာ 5G ကွန်ရက်အဆင့်မြှင့်တင်ဖို့စီမံကိန်းများမှာ Huawei ပစ္စည်းတွေကို အသုံးပြုမှာ မဟုတ်ဘူးလို့ကြေငြာခဲ့ပါတယ်။

Huawei နဲ့ZTE တို့ရဲ့ 5G ကွန်ရက်ပစ္စည်းတွေကို မဝယ်ဖို့အမေရိကန်အစိုးရဟာ မဟာမိတ်နိုင်ငံများကို တိုက်တွန်းမှု ပြုခဲ့ပါတယ်။ Huawei ဟာ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းလုပ်ငန်းစုကြီး ဖြစ်ပြီး ဥရောပဈေးကွက်မှာ ဖောက်သည်ကုမ္ပဏီ ၁၅ ခု ၊ အရှေ့အလယ်ပိုင်းမှာ ၅ ခုနဲ့အာရှမှာ ၃ ခု ရထားတာပါ။

လက်ရှိမှာတော့ Huawei အတွက် ၂၀၁၈ ဟာ အတော်လေး ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်လာခဲ့ပါတယ်။ အမေရိကန်အစိုးရဟာ Huawei ကို တရုတ်အစိုးရရဲ့ လက်ဝေခံအဖြစ် သတ်မှတ်ထားပြီး လုံခြုံရေးအန္တရာယ် ရှိတယ်လို့စွပ်စွဲထားတာပါ။ တရုတ်တယ်လီကွန်းကုမ္ပဏီတစ်ခု ဖြစ်တဲ့ ZTE ကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းက အမေရိကန်အစိုးရနဲ့အီရန်အရေးမှာ ထိပ်တိုက် ငြိခဲ့တာပါ။

Photo: Deccan Chronicle



အမေရိကန်အစိုးရဘက်မှ ဆန်ရှင်ချထားတဲ့ အီရန်ကို နည်းပညာနဲ့ထုတ်ကုန်တွေ ရောင်းချမှုကြောင့် ZTE ဟာ ဒေါ်လာဘီလျံနဲ့ချီပြီး ဒဏ်တပ်ခံရသလို ကုမ္ပဏီကို နှစ် ၂၀ ခန့်ဦးဆောင်ခဲ့တဲ့ ဥက္ကဌနဲ့ဘုတ်အဖွဲ့ဝင်တစ်ခုလုံး နှုတ်ထွက်ခဲ့ရပါတယ်။

လောလောဆယ် Huawei ကုမ္ပဏီ တည်ထောင်သူ ရန်ဇီဖိန်းရဲ့ သမီး မန်ဝမ်ဇောင်လည်း ကနေဒါနိုင်ငံတရားရုံးမှာ အီရန်ဈေးကွက်နဲ့ပတ်သက်မှုကြောင့် တရားရင်ဆိုင်နေရပါတယ်။

နောက်ထပ် သတင်းဆိုးတစ်ခုကတော့ ဗြိတိန်နိုင်ငံက BT Group ဟာ ရှိပြီးသား 3G/4G ကွန်ရက်တွေထဲက Huawei အစိတ်အပိုင်းတွေ ဖယ်ရှားနေပြီး နောင်လည်း အသုံးပြုသွားမှာ မဟုတ်ဘူးလို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က