အချက်အလက်လုံခြုံရေး မေးခွန်းထုတ်စရာပါ

တရုတ်နိုင်ငံမှ Apple ရဲ့ iCloud account သုံးသူများရဲ့ ကိုယ်ရေးအချက်အလက်များဟာ တရုတ်အစိုးရရဲ့ လက်ထဲမှာ ရှိနေပြီ ဖြစ်ပါတယ်။


26810-38768-24931-33121-190224-iCloud-l-l.jpg

photo: appleinsider

 

Apple ရဲ့ cloud storage ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ iCloud ကို သုံးနေတဲ့ တရုတ်နိုင်ငံသားများရဲ့ အီးမေးလ်များ ၊ ဓါတ်ပုံများ နဲ့text message များကို တရုတ်အစိုးရပိုင် China Telecom မှ စီမံခန့်ခွဲနေတယ်လို့ဆိုပါတယ်။ Apple ရဲ့ တရုတ်နိုင်ငံမှ iCloud မိတ်ဘက်ကုမ္ပဏီ Guizhou-Cloud Big Data (GCBD) ဟာ အစိုးရပိုင် China Telecom ဆီ အချက်အလက်များ သိုလှောင်ဖို့ဒေတာစင်တာအဖြစ် သဘောတူညီမှု လုပ်ထားတာပါ။

Apple အနေနဲ့အချက်အလက်များ လုံခြုံရေးနဲ့ကိုယ်ရေးကိုယ်တာ ကာကွယ်မှုအတွက် အစီအမံများ လုပ်ဆောင်ထားတယ်ဆိုပါတယ်။ iCloud မှ အချက်အလက်များဟာ end-to-end encryption လုပ်ထားတယ်ဆိုပေမယ့် ဒီ keys တွေကို တရုတ်မှာ သိမ်းဆည်းထားတာကြောင့် တရုတ်အစိုးရအနေနဲ့အချက်အလက် ရယူမှာကို စိုးရိမ်စရာ ဖြစ်လာတယ်လို့ဆိုပါတယ်။

 တစ်ခုရှိတာက Apple ဟာ အရင်က ဒီ key တွေကို access လုပ်ဖို့ကုမ္ပဏီ ဝန်ထမ်းတွေကိုပဲ ပေးခဲ့တာ ဖြစ်ပြီး အခုကစပြီး အချက်အလက် သိမ်းဆည်းမှုနဲ့ကာကွယ်မှုကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ပြောထားပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက Apple ဟာ တရုတ်ပြည်မကြီးထဲမှ iCloud သုံးစွဲသူများအတွက် ဝန်ဆောင်မှု ပေးဖို့အတွက် တရုတ်မှ GCBD ကုမ္ပဏီနဲ့ပူးပေါင်းခဲ့တာပါ။ ၂၀၁၈ နှစ်ဆန်းပိုင်းမှာတော့ တရုတ် iCloud သုံးသူများရဲ့ အချက်အလက်များကို ကွေ့ကျုံပြည်နယ်မှ ဒေတာစင်တာသစ်ဆီ ပြောင်းထားတယ်လို့ကြေငြာခဲ့ပါတယ်။

ဒါဟာ ဒေသတွင်း ဆိုက်ဘာလုံခြုံရေး ဥပဒေများအတိုင်း ရွှေ့ပြောင်းခဲ့တာလို့Apple က ပြောခဲ့ပါတယ်။ အခုချိန်မှာတော့ GCBD နဲ့တရုတ်အစိုးရပိုင် China Telecom အကြား သဘောတူညီမှုအရ China Telecom ရဲ့ Tianyi Cloud ဌာနဟာ GCBD ရဲ့ iCloud data များကို သိမ်းဆည်းပေးသွားတော့မှာပါ။

photo: Tech Crunch

 

အခုလိုမျိုး အချက်အလက်ရွှေ့ပြောင်းမှုတွေ ဖြစ်လာပြီးနောက် တရုတ်မှ Apple ရဲ့ iCloud users များအနေနဲ့အကောင့်များ ဖျက်ပစ်နိုင်သလို ၊ တစ်ခြားနိုင်ငံများဆီကိုလည်း သူတို့ရဲ့ cloud dataများ ရွှေ့ပြောင်းထားနိုင်တယ်လို့ကြေငြာထားပါတယ်။ အခုချိန်မှာတော့ တရုတ်နိုင်ငံ iCloud users များရဲ့ အချက်အလက် လုံခြုံရေးအတွက် မေးခွန်းထုတ်စရာများတော့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က