AD
AD
AD

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းနဲ့ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင် အသင်းတို့ပူးပေါင်းကာ ICT Development Expo 2018(Yangon) ကို မေလ ၄ ရက်နေ့က နေ ၆ ရက်အထိ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမမှာ ကျင်းပမယ်လို့သိရပါတယ်။

play
Yangon ICT Expo 2017 ဖွင့်ပွဲမြင်ကွင်း

 

အဲဒီပြပွဲမှာ ကွန်ပျူတာနဲ့ဆက်စပ်ပစ္စည်း အပိုပစ္စည်းတွေ၊ နောက်ဆုံးပေါ် အီလက်ထရော နစ်စက်ပစ္စည်းတွေ၊ ဆက်သွယ်ရေးကိရိယာတွေ၊ Mobile နည်းပညာ ပစ္စည်းတွေ၊ ကွန်ပျူတာ ဆော့ဖ်ဝဲတွေပါဝင်မှာ ဖြစ်ပြီး ပါဝင်ပြသဖို့အတွက် ICT နယ်ပယ်က စီးပွားရေးလုပ်ငန်းရှင်တွေ၊ အီလက်ထရောနစ် ကုမ္ပဏီတွေ၊ လုံခြုံရေးနဲ့ပတ်သက်တဲ့ နည်းပညာကုမ္ပဏီတွေကိုဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။ ICT Development Expo 2018 (Yangon) ပြပွဲမှာ ပါဝင်ပြသ လိုသူတွေအနေနဲ့ yrcpaoffice@gmail.com ကို မတ်လ ၂၁ ရက် ညနေ ၂ နာရီနောက်ဆုံးထား စားရင်းပေးသွင်းနိုင် ကြောင်း သိရပါတယ်။

ှSource: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD