လူမှုကွန်ရက်မှာ ပို့စ်တင်ပြီး ချမ်းသာနေတဲ့ သူတွေကို သိပါသလား။

သင်ရော ပို့စ်တစ်ခုတင်ရင် ငွေဘယ်လောက် ဝင်နေပြီလဲ?


ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ Instagram ကြော်ငြာပို့စ်တစ်ခုဟာ ဒေါ်လာသိန်းချီ တန်ပေမယ့် သူ့ထက် ဝင်ငွေပိုုကြမ်းတဲ့သူတွေလည်း ရှိနေပါသေးတယ်။

capture.PNG

photo: BBC

 

စပွန်ဆာပို့စ်တစ်ခုတစ်ခုအတွက် Instagram မှာ ဝင်ငွေရတဲ့စာရင်းမှာ အချမ်းသာဆုံးကတော့ Reality TV စတား ကိုင်လီဂျန်နာဖြစ်ပြီး သူမရဲ့ ပို့စ်တစ်ခုဟာ ဒေါ်လာ ၁ သန်း (ပေါင် ၇ သိန်း ၆ သောင်း) တန်ပါတယ်။ အသက် ၂၀ အရွယ် ကိုင်လီဂျန်နာဟာ Instagram မှာ followers ပေါင်း ၁၁၁ သန်း ရှိပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျံနာအမျိုးသမီးလည်း ဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် ကမ္ဘာကျော်ဘောလုံးသမားဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုုဟာ ဘောလုံးသမားများထဲမှာ Instagram ကြောင့် ဝင်ငွေအမြင့်ဆုံးဖြစ်ပြီး ပြိုင်ဘက်ကစားသမားတွေ ဖြစ်တဲ့ နေမာ ၊ လိုင်ယွန်နယ်မက်ဆီ ၊ ဂါရတ်ဘေးတို့ထက် အပြတ်သာပါတယ်။ Instagram followers အနေနဲ့သူဟာ ဆီလီနာဂိုမက်ဇ်ပြီးရင် ၁၃၇ သန်းနဲ့အများဆုံးဖြစ်ပြီး ဝင်ငွေအရလည်း တတိယအမြင့်ဆုံး ရထားတာပါ။

နိုင်ငံအလိုက် Instagram ဝင်ငွေအမြင့်ဆုံး ပုဂ္ဂိုလ်ထဲကမှ ဗြိတိန်မှ ကမ္ဘာကျော် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းဟာ Instagram စပွန်ဆာပို့စ်တစ်ခုအတွက် ဒေါ်လာ ၃ သိန်း ဝင်ကြေးရပြီး ဝင်ငွေအကောင်းဆုံး စတားအဖြစ် ရပ်တည်နေပါတယ်။ Instagram ဝင်ငွေရမှု စာရင်းမှာ ဘက်ခမ်းဟာ အဆင့် ၁၂ နေရာမှာ ရှိပြီး တန်ဖိုးကြီး Tudor Watch နာရီများ နဲ့Adidas အားကစားပစ္စည်းများကို ကြော်ငြာပေးနေတာပါ။

နာမည်ကျော်ပုဂ္ဂိုလ်များ လူမှုကွန်ရက်ကနေ ဝင်ငွေစီးဆင်းမှု မြင့်မားလာခြင်းဟာ မားကတ်တင်းကုမ္ပဏီများရဲ့ ကြော်ငြာချဉ်းကပ်မှု ပုံစံသစ်ကြောင့် ဖြစ်တယ်လို့Instgram ဝန်ဆောင်မှု ကုမ္ပဏီ Hopper HQ ရဲ့ ပူးတွဲတည်ထောင်သူ မိုက်ဘန်နာက ဆိုပါတယ်။

ယခုနှစ်အတွင်း ဈေးကွက်ကြော်ငြာရေး ကုမ္ပဏီများဟာ TV နဲ့ပုံနှိပ်မီဒီယာလိုမျိုး ဆက်သွယ်ရေးကြားခံ မီဒီယာများကနေ ဖဲ့ထွက်ပြီး social media တွေဆီမှာ အကြီးအကျယ် ရင်းနှီးမြှပ်နံလာတာပါ။

[No available link text] 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က လူမှုကွန်ရက်နာမည်အကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ Instagram post တစ်ခုအတွက် ရတဲ့ငွေဟာ အမြင့်ဆုံးမှ ဒေါ်လာ ၅၅၀၀၀၀ ပဲ ရှိပြီး ဒီနှစ်မှာ ၂ ဆနီးပါး တိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ကိုင်လီဂျန်နာကြော်ငြာတဲ့ Instagram ပို့စ်တစ်ခုကို မြင်တိုင်း ကျွန်တော်တို့ဟာဒေါ်လာ ၁ သန်းတန် ပို့စ်ကို ဝင်ကြည့်နေတယ်ဆိုတာ မမေ့သင့်ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က