ချက်ချင်း ပြန်ပြင်လိုက်တယ်လို့ဆိုပါတယ်။

Facebook ပိုင် လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Instagram မှာလည်း အရေးကြီးတဲ့ လုံခြုံရေး ပေါက်ကြားမှုတစ်ခု လောလောလတ်လတ် ဖြစ်ပွားခဲ့ပါတယ်။

dims (1).jpg

Photo: Engadget

 

ဒါကတော့ တစ်ခြားသူတွေရဲ့ Instagram အကောင့်မှာ သုံးတဲ့ စကားဝှက်ကို public view အဖြစ် ပြသခဲ့တာပါ။ GDPR အရ လူမှုကွန်ရက်သုံးသူတွေရဲ့ အချက်အလက်မိတ္တူကို ပြန်ပြီး download ဆွဲခွင့်ပေးပြီးနောက်မှာ ဒီပြဿနာကို တွေ့ခဲ့ရတာလို့ဆိုပါတယ်။ GDPR ဟာ EU ကနေ သတ်မှတ်ထားတဲ့ လူမှုကွန်ရက်သုံးသူတွေရဲ့ အထွေထွေ အချက်အလက်ကာကွယ်ရေးဥပဒေကို ပြောတာပါ။

Instagram ဟာ GDPR ရဲ့ ညွှန်ကြားချက်အတိုင်း သုံးစွဲသူတွေကို ဒေတာ download ဆွဲဖို့သူတို့ရဲ့ web browser မှာ URL ပေးပြီး ဆွဲစေခဲ့ရာကနေ သုံးစွဲသူတစ်ချို့ဟာ ဒီ လင့်ခ်ထဲမှာ သူတို့ရဲ့ passwords တွေကို plaintext အနေနဲ့ပြန်ပို့တာကြုံခဲ့ပါတယ်။ ဒီ passwords တွေဟာ Facebook ရဲ့ ဆာဗာတွေထဲမှာ သိမ်းထားတာပါ။

လုံခြုံရေး ပညာရှင်တစ်ယောက်ကတော့ တကယ်လို့Instagram အနေနဲ့သုံးစွဲသူတွေရဲ့ စကားဝှက်တွေကို plain text ထဲပဲ သိမ်းထားမယ်ဆိုရင် ကုမ္ပဏီရဲ့ လုံခြုံရေးပြဿနာဟာ စိုးရိမ်စရာကောင်းလောက်အောင် ကြီးမားလာလိမ့်မယ်လို့ဆိုပါတယ်။ Instagram ကတော့ ဒီပြောကြားချက်ကို ငြင်းဆန်ခဲ့ပြီး ကုမ္ပဏီဘက်မှ သိမ်းထားတဲ့ passwords တွေရဲ့ လုံခြုံရေးကို တင်းကျပ်ထားတယ်လို့တုန့်ပြန်ခဲ့ပါတယ်။

ဒီပြဿနာတက်ပြီးနောက် အကောင့်တွေရဲ့ စကားဝှက် မပေါက်ကြားစေဖို့အတွက် ဒီ feature ကို ချက်ချင်း ပြင်ဆင်ခဲ့ပြီး သုံးစွဲသူများကိုလည်း စကားဝှက်ပြောင်းဖို့ပါ နှိုးဆော်ထားပါတယ်။

"တကယ်လို့တစ်ယောက်ယောက်က Instagram ရဲ့ Download Your Data tool ကို သုံးဖို့သူတို့ရဲ့ login အချက်အလက်တွေကို သွင်းထားတယ်ဆိုရင် သူတို့ရဲ့ စကားဝှက်ကို URL page မှာ တွေ့နိုင်မှာပါ။ ဒီအချက်အလက်ကို တစ်ခြားသူတွေဆီ မပေါက်ကြားခဲ့ပါဘူး။ ဒါမျိုး ထပ်မဖြစ်စေဖို့ကျွန်တော်တို့လည်း အပြောင်းအလဲ လုပ်ထားပါတယ်။ " လို့ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Photo: 9to5Mac

 

Instagram ရဲ့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ facebook ဟာ စက်တင်ဘာလလယ်ခန့်က View As feature ကနေ သုံးစွဲသူ သန်း ၅၀ ခန့်ရဲ့ လုံခြုံရေး စိုးရိမ်စရာတွေ ကြုံခဲ့ပါတယ်။

Share

Loading Next Article...
က္က