တစ်ခါတည်းနဲ့ကျိုးသွားပါတယ။်

နာမည်ကြီး ထုတ်ကုန်သစ်တွေ ထွက်လာတိုင်း ဘက်ပေါင်းစုံက စမ်းသပ်မယ့် သူတွေက အသင့်ရှိပြီးသားပါ။

 

YouTube ချန်နယ်တစ်ခု ဖြစ်တဲ့ JerryRigEverthing ကတော့ Apple iPad Pro သစ်တွေကို ပထမဆုံး test လုပ်ပြီး လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ JerryRigEverthing မှ ဇက်ခ်နယ်လ်ဆင်ဟာ iPad Pro သစ်ရဲ့ အကြမ်းခံမှုကို ပုံမှန်အတိုင်းပဲ ဓါးနဲ့ခြစ်တာ ၊ အပူပေးတာ ၊ ချိုးကြည့်တာတွေ လုပ်ခဲ့တာပါ။

ရိုးရိုး အကြမ်းခံနှုန်း စမ်းကြည့်ရာမှာ iPad Pro ဟာ အားရစရာမရှိခဲ့ပါဘူး။ scratch test လုပ်ရာမှာလည်း ဘောင်တွေ ကျောဘက်တွေမှာ အလွယ်ကလေးနဲ့အစင်းထင်တာကို တွေ့ခဲ့ပါတယ်။ အဆိုးဆုံးက bend test ပါပဲ။ ဖုန်းဘောင်နှစ်ဖက်ကို ကိုင်ပြီး ကွေးကြည့်ရာမှာ တစ်ချက်တည်းနဲ့ကျိုးသွားပါတယ်။

ဒီတော့ iPad Pro ပါတဲ့ အိတ်တစ်လုံးပေါ် မတော်လို့လက်ထောက်မိပြီဆိုရင် ပြဿနာတက်ဖို့သေချာသလောက် ရှိပါတယ်။ တလောကပဲ ဖိုရမ်တွေမှာ ကျောပိုးအိတ်ထဲ ထည့်သယ်လာတဲ့ iPad Pro တွေ နည်းနည်းလေး ကွေးနေတာတွေ့ရကြောင်း အသံတွေ ထွက်ထားတာပါ။ ဒီနှစ်ထွက် ၁၁ လက်မနဲ့၁၂.၉ လက်မ မော်ဒယ်နှစ်မျိုးစလုံးမှာ ဒီပြဿနာတွေ ကြားနေရတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က ဘရွတ်ခ်ကလင်းမှာ မိတ်ဆက်သွားတဲ့ iPad Pro တွေဟာ ထွက်ဖူးသမျှ iPad Pro တွေထဲမှာ အပါးလွှာဆုံးမော်ဒယ်တွေ ဖြစ်ပြီး bendgate လို့ခေါ်တဲ့ ကိုယ်ထည်ကွေးလွယ်တဲ့ အနေအထားမှာ ရှိနေပါတယ်။ home button ကို ဖျောက်ထားပြီး FaceID လုံခြုံရေး စနစ်သုံးလာတဲ့ ဒီတက်ဘလက်တွေဟာ ၅.၉ မီလီမီတာပဲ ထူပါတယ်။

Photo: macrumors

 

Apple ဟာ ဒီလို bendgate ပြဿနာမျိုးကို iPhone 6/6 Plus တို့မှာလည်း ကြုံခဲ့ပါတယ်။ အလူမီနီယံကိုယ်ထည်နဲ့လာတဲ့ iPhone 6 series မှာတော့ ဘောင်းဘီအိတ်ထဲမှာ ထားတာနဲ့တင် ကိုယ်ထည်နဲ့ခလုတ်တွေတစ်ဝိုက်မှာ ကွေးပြီး မှန်ကျွတ်တဲ့ ပြဿနာတွေ ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က