ပြန်တွေ့ချိန်မှာ ဘက်ထရီအားက ၈၄% အထိ ကျန်နေပါသေးတယ်

မက်ဆေ့ဝင်ထားတာကြောင့် မီးလင်းနေတဲ့ iPhone တစ်လုံးကို ပင်လယ်ရေအနက် ပေ ၃၀ မှာ ရေငုံ့သမားတစ်ဦးက ရှာတွေ့သွားခဲ့ပါတယ်။

[No available link text] 

အင်္ဂလန်နိုင်ငံ ဒေါ်ဆက်ကမ်းရိုးတန်းတစ်နေရာမှာ ပျောက်ဆုံးသွားတဲ့ iPhone 7 ကို ကားစ်ဟီရာဆီဆိုသူက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရေလုံတဲ့ case ပါတဲ့ ဒီဖုန်းဟာ SMS ဝင်ထားတာကြောင့် မီးလင်းနေတာကို သတိထားမိရာကနေ တွေ့သွားခဲ့တာပါ။ ကနေဒါနိုင်ငံသားတစ်ဦး ပိုင်ဆိုင်တဲ့ ဒီဖုန်းဟာ ကမ်းရိုးတန်းမှာ လှေစီးနင်းစဉ် ဖုန်းပျောက်သွားခဲ့တာပါ။

ရေအနက် ပေ ၃၀ မှာ တွေ့ခဲ့တဲ့ ဒီဖုန်းဟာ ပြန်တွေ့ချိန်မှာ ဘက်ထရီအား ၈၄% ကျန်နေသေးတာကို အံ့အားသင့်စဖွယ် တွေ့ခဲ့တယ်လို့ဆိုပါတယ်။ ဖုန်းဟာ ၂ ရက်လုံးလုံး ပင်လယ်အောက်မှာ နစ်မြှပ်နေခဲ့တာ ဖြစ်ပြီး ရေလုံအိတ်ကြောင့် အခုလို ရေမဝင်ဘဲ ခံနိုင်ခဲ့တာပါ။

ဟီရာဆီမှ ဒီဖုန်းတွေ့ရှိပုံကို အခုလို ပြောပြပါတယ်။"ရေအောက်ကြမ်းပြင်ရောက်တော့ ဖုန်းတစ်လုံးကို တွေ့တယ်လေ။ တွေ့တာကလည်း ဖုန်းထဲ မက်ဆေ့ဝင်ထားလို့မီးလင်းနေတာ လှမ်းမြင်လိုက်တာပါ။ ဒါနဲ့အဲဒီဖုန်းလေး ကောက်ပြီး ကုန်းပေါ်တက်လာကြည့်တော့ အထဲမှာ ရေတောင် အတော်ဝင်နေပါပြီ" လို့ဆိုပါတယ်။

ဖုန်းပိုင်ရှင်ကို စုံစမ်းချိန်မှာ ကနေဒါကို လေယာဉ်နဲ့ပြန်သွားပြီဆိုတာကြောင့် ယူကေမှာ နေထိုင်နေတဲ့ ဖုန်းပိုင်ရှင်ရဲ့ ညီဝမ်းကွဲဖြစ်သူ ယူကေနိုင်ငံသား ရော့ဘ်စမစ်နဲ့ဆက်သွယ်ပြီး ဟီရာဆီဟာ ဒီဖုန်းကို စမစ်ဆီ ပြန်အပ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ဒီ iPhone ကို နိုင်ငံတကာစာတိုက်ကနေ တစ်ဆင့် ပိုင်ရှင်ဆီ ပေးပို့ပြီး ဖြစ်တယ်လို့သိရပါတယ်။

photo: Mirror

 

ဒီဖုန်းကိုတော့ iPhone 7 လို့အတည်ပြုထားပေမယ့် ဖုန်းရေလုံအိတ်ရဲ့ မော်ဒယ်ကိုတော့ မသိရသေးပါဘူး။

Share

Loading Next Article...
က္က