အလုံး ၂၀၀ လောက် ဝေခဲ့တာပါ

Huawei ကတော့ Apple ကို မခံချင်အောင် ကလိလိုက်ပြန်ပါပြီ။ ဒီတစ်ခါမှာတော့ စကာၤပူက Apple Store ရှေ့မှာတင် လုပ်သွားတာပါ။

huawei-2.jpg

Photo: Mothership.sg

 

iPhone XS နဲ့XS Max ဝယ်ဖို့အတွက် Orchard Road ပေါ်က Apple Store ရှေ့မှာ စီတန်းစောင့်နေတဲ့ ရာနဲ့ချီတဲ့ ဖုန်းဝယ်သူတွေကို Power bank အလကား လိုက်ဝေတာဖြစ်ပါတယ်။ Huawei တံဆိပ်ပါ တီရှပ်ဝတ်ထားတဲ့ လူတစ်ချို့ဟာ ဆိုင်ရှေ့တစ်ညလုံး စောင့်နေတဲ့လူတွေထဲ ဝင်ပြီး လိုက်ဝေခဲ့တာပါ။

လောလောဆယ် သိရသလောက်တော့ Huawei ဘက်မှ power bank ပေါင်း ၂၀၀ ခန့်ပေးပြီးသွားပြီလို့ဆိုပါတယ်။ Huawei ကနေ ပြန် share ထားတဲ့ ဗွီဒီယိုမှာတော့ အလကားပေးတဲ့ power bank တွေ ရဖို့နောက်က လိုက်နေတဲ့ လူတွေလည်း ရှိနေခဲ့ပါတယ်။ ဒီ power bank တွေဟာ တစ်လုံးကို စကာၤပူ ဒေါ်လာ ၈၀ (မြန်မာငွေ ၈ သောင်း ၈ ထောင်ကျော်) တန်ပါတယ်။

power bank ဝေတဲ့ကိစ္စဟာ iPhone တွေ ဘက်ထရီမခံတာကို လှောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ Apple ဟာ ဒီနှစ်ထွက် iPhone သစ် ၃ မျိုးကို မိတ်ဆက်ရာမှာ ဘက်ထရီစွမ်းရည် အဆင့်မြင့်လာကြောင်းကို အသားပေး ကြေငြာခဲ့ပါတယ်။

iPhone X တုန်းက တစ်ခါအားအပြည့်သွင်းထားရင် ၁၂ နာရီကနေ ၁၃ နာရီအထိ အားခံပြီး iPhone XS နဲ့XS Max တို့ကတော့ နာရီဝက်နဲ့၁ နာရီခွဲအထိ အားခံလာပါတယ်။ iPhone XR ကတော့ ဒီထဲမှာ ဘက်ထရီအကောင်းဆုံးဖုန်းလို့ပြောရမှာပါ။ iPhone X ထက် အနည်းဆုံး ၂ နာရီကနေ ၃ နာရီအထိ အားပိုခံမှာ ဖြစ်လို့iPhone တွေထဲမှာ ဘက်ထရီအကောင်းဆုံး ဖုန်းဆိုလည်း မမှားပါဘူး။

Photo: Yahoo

 

တစ်ဖက်မှာလည်း iPhone တွေ ဘက်ထရီအားမခံတဲ့ ပြဿနာဟာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ ဖြစ်ပါတယ်။ Huawei ဟာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း ယူကေမှာ Huawei P20 စီးရီးသစ်တွေကို ကြေငြာရာမှာ Apple Store တွေရှေ့ကို ဖုန်းကြော်ငြာကားတွေ ပါကင်ထိုးပြီး ကြော်ငြာခဲ့ပါတယ်။

Share

Loading Next Article...
က္က