iPhone XR ကတော့ တစ်လကျော်လောက် စောင့်ရဦးမှာပါ

iPhone သစ်တွေနဲ့Apple Watch Series 4 စရောင်းတဲ့နေ့မှာ တစ်ကမ္ဘာလုံးက Apple Store တွေဟာ အစဉ်အလာအတိုင်း ကြိတ်ကြိတ်တိုး စည်ကားနေပါတယ်။

[No available link text] 

ကမ္ဘာအရပ်ရပ်မှ Apple ရဲ့ အမာခံ ပရိတ်သတ်တွေကလည်း iPhone သစ်ကို ဦးဦးဖျားဖျားကိုင်ရဖို့က ဆိုင်တွေရှေ့က တမံတလင်းအေးစက်စက်ကြီးတွေပေါ် အိပ်လျက်တစ်မျိုး ၊ ထိုင်လျက်တစ်ဖုံ ထိုင်စောင့်နေခဲ့တာပါ။

Apple ရဲ့ ကြေငြာချက်အတိုင်း စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ iPhone XS/XS Max နဲ့Apple Watch Series 4 တို့ကို စပြီး ရောင်းချနေပြီ ဖြစ်ပါတယ်။ စကာၤပူ ၊ကနေဒါ ၊ ယူကေ ၊ အမေရိကန် ၊ ဒူဘိုင်း ၊ ဂျာမဏီနဲ့သြစတြေးလျတစ်ခွင်မှ iPhone သစ်ဝယ်ဖို့ဆိုင်တွေ ရှေ့မှာ စီတန်းစောင့်ဆိုင်းနေသူများရဲ့ ပုံနဲ့ဗွီဒီယိုကလည်း လူမှုကွန်ရက်အသီးသီးမှာ ပြန့်နှံ့နေပါတယ်။

စကာၤပူနိုင်ငံ Orchard Road ပေါ်က Apple Store မှာ iPhone ဝယ်ဖို့စောင့်နေသူတွေဆို မိုးပါ မိခဲ့ပေမယ့် ဆိုင်မဖွင့်မချင်း ဆက်ပြီးထိုင်စောင့်နေကြတာပါ။ လောလောဆယ် ဈေးကွက်ထဲ ရောက်လာတဲ့ iPhone တွေဟာ အရင်နှစ်က ဈေးကြီးပါတယ်ဆိုတဲ့ ဆယ်နှစ်ပြည့် iPhone X ထက်တောင် ဈေးကြီးနေပေမယ့် ဝယ်မယ့်သူကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

 

စက်တင်ဘာ ၂၁ ရက်နေ့မှာ စပြီး ရောင်းချလာတဲ့ iPhone XS နဲ့XS Max တို့ဟာ ဈေးကွက်မှာ အနိမ့်ဆုံးမော်ဒယ်ကို ၉၉၉ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းကျော်) နဲ့၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်း ခန့်) ဈေးတွေနဲ့ရောင်းချသွားမယ်လို့ကြေငြာထားပါတယ်။

ဒီဖုန်းတွေဟာ ကျောဘက် ထောင်လိုက် dual cameras ၊ အရင် processor ထက် ၃၀% ပိုမြန်တယ်ဆိုတဲ့ Apple ရဲ့ A12 Bionic chip သစ် ၊ ပိုမိုမြန်ဆန် စိတ်ချရတဲ့ Face ID အပြင် dual SIM စနစ် ပံ့ပိုးချက်တွေ ပါဝင်လာပါတယ်။

OLED display သုံး iPhone သစ် နှစ်မျိုးနဲ့အတူ အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ထည့်သွင်းထားတဲ့ Apple Watch Series 4 လည်း ဈေးကွက်ထဲ ရောက်လာပြီ ဖြစ်ပါတယ်။ အရင် Apple စမတ်နာရီတွေထက် မျက်နှာပြင်ပိုကြီးပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့လာတဲ့ Series 4 ဟာ စက္ကန့်၃၀ အတွင်း ECG ရိုက်ပေးမယ့် စနစ် ပါလာသလို watchOS 5 ကြောင့် workout modes သစ်များ ၊ walkie-talkie စနစ်များ သုံးနိုင်မှာပါ။

Photo: CNET

 

ဒီနှစ်ရဲ့ ဈေးအချိုဆုံး နဲ့ကာလာ ၆ ရောင်ထိ ပါလာတဲ့ iPhone XR ကတော့ အောက်တိုဘာ ၁၉ ရက်နေ့ရောက်မှ pre-order မှာနိုင်မှာ ဖြစ်ပြီး ဈေးကွက်ထဲ ရောက်ဖို့အောက်တိုဘာ ၂၆ ရက်နေ့အထိ စောင့်ရမှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ တန်ဖိုးကြီး iPhone သစ်ဝယ်မယ့် သူများဟာ ကမ္ဘာအရပ်ရပ်က Apple Store များရှေ့မှာ ရောက်နေပြီ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က