chip စီးပွားရေးက Samsung ရဲ့ အသက်လို ဖြစ်နေပါတယ်

Apple ကတော့ Samsung ကို ချမ်းသာစေတဲ့ အဓိက ဖောက်သည်ကြီး ဆိုလည်း မမှားပါဘူး။

iphonexs_apple_lifestyle-rcm992x0.jpg

Photo: giga.de

 

စမတ်ဖုန်းဈေးကွက်မှာ Samsung အနေနဲ့အားရလောက်တဲ့ ကာလမဟုတ်ပေမယ့် ဈေးကွက်မှာ သူ့ရဲ့ ဓနဥစ္စာကို ဖြည့်ပေးနေတဲ့ ကုမ္ပဏီတွေက လက်ညှိုးထိုးမလွဲပါဘူး။ အထူးသဖြင့် Samsung ရဲ့ တတိယသုံးလပတ် ဝင်ငွေကို ၂၀% နီးပါး ခုန်တက်စေခဲ့တာကလည်း chips နဲ့display လိုမျိုး စမတ်ဖုန်းအစိတ်အပိုင်း ဈေးကွက်ကြောင့်ပဲ။

Daiwa Capital Markets မှ သုတေသီ ကင်မ်ရဲ့ အဆိုအရ Samsung ဟာ memory chips နဲ့display စီးပွားရေးကနေ ဝင်ငွေမြင့်တက်လာနေတယ်လို့ဆိုပါတယ်။ Apple ဟာ Samsung ထုတ် display တွေရဲ့ ၂၅% ကနေ ၃၀% အထိ ဝယ်နေတဲ့ ဖောက်သည်ဖြစ်ပြီး အရင်နှစ်က Samsung အမြတ်ငွေ ဝမ် ၅၄ ထရီလီယံ (ဒေါ်လာ ၄၈ ဘီလျံ) ရဲ့ ၁၀% ခန့်ကို ရှာပေးခးဲ့တာပါ။

iPhone XS နဲ့XS Max တို့မှာ Apple ဟာ OLED panel တွေ သုံးလာပြီးနောက် Samsung ဟာ Apple ရဲ့ main supplier ဖြစ်လာခဲ့ပါတယ်။ iPhone XS/XS Max တို့မှာ သုံးထားတဲ့ ဈေးအကြီးဆုံး အစိတ်အပိုင်းဟာ OLED Panel ဖြစ်ပြီး ၈၀.၉၀ ဒေါ်လာကျသင့်ပါတယ်။ ဒါကြောင့်ပဲ စမတ်ဖုန်းရောင်းအားကျနေပေမယ့် Samsung ရဲ့ ဝင်ငွေက တက်လာနေတာပဲ ဖြစ်ပါတယ်။

Galaxy Note 9 မတိုင်ခင်အထိ Sammsung ဟာ စမတ်ဖုန်းတင်ပို့မှု ၈၃% ထိ ရှိပေမယ့် မိုဘိုင်းထုတ်ကုန်ဝင်ငွေမှာ ၂၂% ကျဆင်းခဲ့ပါတယ်။ ပြောရရင် Samsung ဟာ ၂၀၁၈ ဒုတိယသုံးလပတ်မှာ စမတ်ဖုန်းပေါင်း ၇၁.၅ သန်း တင်ပို့နိုင်ခဲ့ပြီး Apple က iPhone ပေါင်း ၄၁.၃ သန်းပဲ ရောင်းချနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း iPhone ဝင်ငွေရဲ့ တစ်ဝက်တောင် Samsung ဖုန်းရောင်းအားဟာ လိုက်မမှီခဲ့ပါဘူး။

ဇူလိုင်လအတွင်း Samsung ရဲ့ အစီရင်ခံများထဲမှာ Galaxy S9/S9 + တို့ရောင်းအားနှေးကွေးနေကြောင်း အတိအလင်း ဖော်ပြထားပါတယ်။ တစ်ဘက်မှာလည်း တရုတ်မှ တန်ဖိုးသင့် ၊ တန်ဖိုးနည်း စမတ်ဖုန်းများကို တစ်ကမ္ဘာလုံးမှာ လူကြိုက်များသထက် များလာခြင်းဟာ Samsung အတွက် ခြိမ်းခြောက်မှုတစ်ခု အဖြစ် ရှိနေပါတယ်။

Photo: indianexpress

 

လက်ရှိ ထုတ်ပြန်ချက်များအရ Samsung ဟာ တတိယသုံးလပတ်အတွင်း ဝင်ငွေဝမ် ၆၅ ထရီလီယမ် (ဒေါ်လာ ၅၇.၆ ဘီလျံ) ထိ ရှိခဲ့ပြီး ဝမ် ၁၇.၅ ထရီလီယံ (ဒေါ်လာ ၁၅.၅ ဘီလလျံ) မြတ်ခဲ့တယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က