project show ပါ ထည့်သွင်းပြသသွားမှာပါ

နည်းပညာနဲ့ဆက်နွှယ်တဲ့ အကြောင်းအရာများကို နှီးနှောဖလှယ်သွားမယ့် ပခုက္ကူကွန်ပျူတာ တက္ကသိုလ်ရဲ့ ပထမအကြိမ် UCSPkku IT-Camp ကို လာမယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ ကျင်းပသွားမယ်လို့သိရပါတယ်။


Photo: UCSPkku IT-Camp Facebook

 

IT-Camp တွေဟာ ပြည်တွင်း အိုင်တီပညာရှင်များနဲ့ကျောင်းသားကျောင်းသူများအကြား ပေါင်းကူး ဆက်သွယ်ပေးတဲ့ ပွဲတစ်ခုဖြစ်ပြီး နောက်ဆုံးပေါ် နည်းပညာသစ်များအကြောင်း ဗဟုသုတများ ၊ အတွေးအမြင်သစ်များအပြင် Project show များမှ တစ်ဆင့် ကျောင်းသား/ကျောင်းသူများရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖော်ဆောင်နိုင်ဖို့ပါ ရည်ရွယ်ကျင်းပနေကြတာပါ။

ပထမအကြိမ် UCSPkku IT-Camp မှာတော့ Ubuntu Linux,Cloud,IOT,Web Developing,Web security,Android Developing စတဲ့ အကြောင်းအရာများနဲ့အတူ နည်းပညာပိုင်းဆန်းသစ်မှုများပါ ထည့်သွင်းဆွေးနွေးကြမယ်လို့ဆိုပါတယ်။

ပခုက္ကူကွန်ပျူတာတက္ကသိုလ်မှာ IT-Camp ကျင်းပဖြစ်ပုံနဲ့ပတ်သတ်ပြီး ဒီပွဲရဲ့ Head of Organizers ဖြစ်သူ ကိုစိုင်းဝေယံဖြိုးက "ကျွန်တော်တို့ပခုက္ကူမြို့မှာ Barcamp ကျင်းပဖူးတယ်။  နည်းပညာတက္ကသိုလ် TU မှာလည်း Barcamp ကျင်းပဖူးတော့ ကျွန်တော်တို့ကွန်ပျူတာတက္ကသိုလ်အနေနဲ့လည်း IT Camp ဆိုပြီး နည်းပညာအကြောင်းတွေ ဆွေးနွေးသင့်တယ်ဆိုပြီး ကျင်းပဖြစ်တာပါ" လို့ပြောပါတယ်။

Photo: UCSPkku IT-Camp Facebook

 

IT-Camp များကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ် UCSY မှာ ၂၀၁၄ ဇန်နဝါရီလ ၂၄ ရက်နေ့က စတင် ကျင်းပခဲ့တာ ဖြစ်ပြီး မိတ္ထီလာကွန်ပျူတာတက္ကသိုလ် မှလည်း USCMTLA IT-Camp နာမည်နဲ့လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က