Tech News: M-ပိုက်ဆံဝန်ဆောင်မှုကို ကုမ္ပဏီလုပ်ငန်းတွေမှာပါ သုံးနိုင်အောင် ဆောင်ရွက်ထားတယ်လို့ ဆို

တစ်ကြိမ်တည်းနဲ့ ငွေလွှဲပေးနိုင်မှာပါ။

ဒီနှစ် စက်တင်ဘာလထဲမှာ Ooredoo မှ စတင်မိတ်ဆက်ခဲ့တဲ့ M-ပိုက်ဆံ ဒစ်ဂျစ်တယ် ငွေချေစနစ်ကို တစ်ဦးချင်းစီတင် မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတွေမှာပါ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

စီးပွားရေးလုပ်ငန်းတွေမှာတော့ M-ပိုက်ဆံ ဝန်ဆောင်မှုသုံးပြီး တစ်ခါတည်းနဲ့ လွယ်လင့်တကူ ငွေချေငွေပေးလုပ်ဆောင်နိုင် ဆောင်ရွက်ထားတာပါ။ ဒီဝန်ဆောင်မှုဟာ ကုန်တင်ကားမောင်းသူများ ၊ တစ်ခြားနေရာ ဒေသများမှာ ရှိတဲ့ ဌာနခွဲတွေမှာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းများစွာ ရှိထားတဲ့ လုပ်ငန်းရှင်များအတွက် တစ်ကြိမ်တည်းနဲ့ လူများစွာကို ငွေလွှဲနိုင်တာဖြစ်လို့  အတော်လေး လွယ်ကူသက်သာ အဆင်ပြေစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

M-ပိုက်ဆံကနေ တစ်ဆင့် တစ်ရက်ကို အနည်းဆုံး ပမာဏ ငွေ ၅၀၀၀၀ ကျပ်ကနေ အများဆုံး ၂၀၀၀၀၀ ကျပ်အထိ ငွေလွှဲနိုင်ပြီး တစ်လအတွက်ဆိုရင်တော့ အနည်းဆုံး ကျပ် ၁၀ သိန်းကနေ အများဆုံး ကျပ် သိန်း ၅၀ အထိ ငွေလွှဲပေးနိုင်မယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ