ကိုယ်စားလှယ်ပေါင်း ၁၂၀၀၀ အထိ ရှိလာတော့မှာပါ

Ooredoo ရဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှု ဖြစ်တဲ့ M-ပိုက်ဆံ app ဟာ ၂၀၁၉ မှာ ဝန်ဆောင်မှုသစ်တွေ ပေးသွားမယ်လို့ဆိုပါတယ်။



12222_1195x960.jpg

Photo: Ooredoo

 

မြန်မာနိုင်ငံရဲ့ လူဦးရေထဲက ၇၀% ခန့်ဟာ ဘဏ်အကောင့်မရှိတာကြောင့် M-ပိုက်ဆံဟာ ဒီဈေးကွက်ကို ဦးတည်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လဆန်းပိုင်းက စတင် မိတ်ဆက်ခဲ့တာပါ။

ဒီဝန်ဆောင်မှုဟာ ငွေသားကနေ အီလက်ထရောနစ် ငွေကြေးပုံစံကို ပြောင်းလဲလွဲှပေးနိုင်တဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှု ဖြစ်ပြီး ငွေလွဲှငွေပို့ခြင်း ၊ ဖုန်းဘေလ် ၊ လေယာဉ်နဲ့ပွဲလက်မှတ်များ ဝယ်ယူခြင်းများ လုပ်ဆောင်နိုင်မယ့် ဝန်ဆောင်မှုလည်း ဖြစ်ပါတယ်။

M-ပိုက်ဆံဝန်ဆောင်မှုကို သုံးမယ့်သူဟာ Ooredoo ဖုန်းနံပါတ်တစ်ခုနဲ့စားရင်းသွင်းပြီး နီးစပ်ရာ Ooredoo ရဲ့ M-ပိုက်ဆံကိုယ်စားလှယ်များဆီမှာ ကိုယ်ထည့်ချင်သလောက် ငွေဖြည့်သွင်းထားနိုင်မယ်လို့ဆိုပါတယ်။ လက်ရှိမှာ M-ပိုက်ဆံအတွက် ကိုယ်စားလှယ်ပေါင်း ၁၀၀၀၀ ကျော် ရှိပြီး နှစ်ကုန်ပိုင်းမှာ ကိုယ်စားလှယ်အရေအတွက်ကို ၁၂၀၀၀ ကျော်အထိ တိုးချဲ့ဖို့ရည်ရွယ်ထားတာပါ။

လောလောဆယ်မှာတော့ M-ပိုက်ဆံကို ပုံမှန်အသုံးပြုသူပေါင်း ၆၅၀၀၀ အပါအဝင် စာရင်းသွင်းသုံးနေသူ ၄ သိန်းကျော် ရှိနေပြီး ၂၀၁၈ အကုန်မှာ စားရင်းသွင်း သုံးစွဲသူ ပျမ်းမျှ ၅ သိန်းအထိ ရှိလာမယ်လို့လည်း ခန့်မှန်းထားတယ်လို့Ooredoo က ထုတ်ပြန်ထားပါတယ်။

M-ပိုက်ဆံဟာ CB ဘဏ်နဲ့လည်း မိတ်ဘက်အဖြစ် ပူးပေါင်းထားတာကြောင့် CB ဘဏ်ငွေစာရင်းနှစ် M-ပိုက်ဆံ wallet များအကြား တိုက်ရိုက် ငွေလွဲှငွေပြောင်း လက်ခံစစ်ဆေးနိုင်တယ်လို့ဆိုပါတယ်။

Ooredoo ဟာ M-ပိုက်ဆံ ဝန်ဆောင်မှုအတွက် ကျပ်သန်း ၃၀၀ ရင်းနှီးမြှပ်နှံထားတယ်လို့လည်း သိရပါတယ်။ ဝန်ဆောင်မှုအသစ်များအဖြစ် M-ပိုက်ဆံဟာ QR ကုဒ်နဲ့ငွေချေခြင်း ၊ မီတာခွန် ၊ ရေခွန်နဲ့အစိုးရရုံးများကို ငွေပေးသွင်းခြင်းများလည်း လုပ်ဆောင်နိုင်မယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က