အခမဲ့ ပြင်ပေးသွားမှာပါ

Apple ဟာ keyboard ပေါ်မှ ကီးညပ်တဲ့ ပြဿနာရှိထားတဲ့ MacBook နဲ့MacBook Pro မော်ဒယ်များကို ပြန်ပြင်ပေးတော့မယ်လို့တရားဝင် ကြေငြာလိုက်ပါတယ်။

 

ယခုပြန်ပြင်ပေးမယ့် အစီအစဉ်မှာ ၂၀၁၅ ကနေ ၂၀၁၇ အတွင်း MacBook နဲ့MacBook Pro တွေရဲ့ keyboardတစ်ချို့တစ်လေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Key တွေကို butterfly ဒီဇိုင်းသစ်နဲ့ထုတ်ပြီးနောက် ဖြစ်ခဲ့တာပါ။ ပြဿနာရှိထားတဲ့ ဒီကီးဘုတ်တွေမှာ မထင်မှတ်ဘဲ စာလုံးတွေ နဲ့အက္ခရာတွေ ထပ်တလဲလဲ ပေါ်လာနေတာ ၊ တစ်ချို့စာလုံးတွေ အလုပ်မလုပ်တာ နဲ့ကီးညှပ်တာမျိုး ပြဿနာ ရှိခဲ့တာပါ။ ဒီအတွက် Apple ဟာ Authorize Service Provider များနဲ့လက်ခမဲ့ ပြင်ပေးမယ်လို့ဆိုပါတယ်။ Apple ရဲ့ Keyboard repair အစီအစဉ်မှာ ကီးဘုတ်ရဲ့ အခြေအနေပေါ်လိုက်ပြီး ခလုတ်တွေပဲ လဲပေးရမှာ ရှိသလို ကီးဘုတ်တစ်စုံလုံး လဲလှယ်ပေးတာမျိုးလည်း ပါမယ်လို့ဆိုပါတယ်။

Keyboard လဲပေးမယ့် အစီအစဉ်မှာ အကျုံးဝင်တဲ့ လက်ပ်တော့မော်ဒယ်များကို အောက်မှာ ဖော်ပြထားပါတယ်။

  • MacBook (Retina, 12-­inch, Early 2015)
  • MacBook (Retina, 12­-inch, Early 2016)
  • MacBook (Retina, 12-­inch, 2017)
  • MacBook Pro (13­-inch, 2016, Two Thunderbolt 3 Ports)
  • MacBook Pro (13-­inch, 2017, Two Thunderbolt 3 Ports)
  • MacBook Pro (13-­inch, 2016, Four Thunderbolt 3 Ports)
  • MacBook Pro (13-­inch, 2017, Four Thunderbolt 3 Ports)
  • MacBook Pro (15-­inch, 2016)
  • MacBook Pro (15-­inch, 2017)

Apple ရဲ့ ကီးဘုတ်အသစ်ပြန်လဲခြင်း ၊ ပြင်ဆင်ပေးခြင်း အစီအစဉ်မှာ သုံးစွဲသူကြောင့် ကီးဘုတ်ပေါ်က ကီးတွေ ပြုတ်သွားတာ ၊ ရေဝင်သွားတာလိုမျိုး ပျက်စီးတာမျိုးကိုတော့ အခကြေးငွေနဲ့ပဲ service ပေးသွားမယ်လို့ဆိုပါတယ်။ MacBook များနဲ့တွဲသုံးတဲ့ keyboard ပြဿနာအတွက် ကုန်ကျစရိတ်ဟာ အခြေအနေပေါ်လိုက်ပြီး ဒေါ်လာ ၅၀၀ အထိ ကုန်ကျနိုင်တာဖြစ်ပြီး ယခု လက်ခမဲ့ အစီအစဉ်မှာတော့ ဝယ်ပြီး ၄ နှစ်ကြာတဲ့ MacBook များလည်း အခမဲ့ပြုပြင်နိုင်မှာပါ။

 

Apple ဟာ ပြီးခဲ့တဲ့ ဧပြီလကလည်း ဘက်ထရီဖောင်းကြွ ပြဿနာတက်ထားတဲ့ Macbook မော်ဒယ်တစ်ချို့အတွက် အခမဲ့ ဘက်ထရီလဲပေးတဲ့ အစီအစဉ်တစ်ခု လုပ်ဆောင်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က