AD
AD
AD

သင့်အနေနဲ့ ဒီနှစ်အတွင်းမှာ laptop သစ်တစ်လုံး ဝယ်ယူဖို့ စဉ်းစားနေတယ်ဆိုရင်တော့ Apple က မကြာခင် အသစ်ဖြန့်ချိမယ့် ဈေးသက်သာတဲ့ MacBook Air ကို စောင့်ဆိုင်းသင့်ပါတယ်။

 

KGI Securities ရဲ့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple အနေနဲ့ ဈေးသက်သာတဲ့ MacBook Air သစ်တစ်မျိုးကို ၂၀၁၈ ဒုတိယသုံးလပတ်မှာ ဖြန့်ချိသွားဖို့ စီစဉ်ပြီး ဒါဟာ ၂၀၁၈ ခုနှစ်ရဲ့ laptop တင်ပို့ရောင်းချမှုကို ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ တိုးမြှင့်စေနိုင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

play

 

ဒီသတင်းဟာ MacBook Air ပရိသတ်တွေနဲ့ ဘက်ထရီသက်တမ်းရှည်ကြာတဲ့ စွမ်းဆောင်ရည်မြင့် laptop တစ်လုံးကို ရှာဖွေနေသူတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ လက်ရှိမျိုးဆက် MacBook Air ကို ၉၉၉ ဒေါ်လာနဲ့ စတင်ရောင်းချနေပြီး အသစ်ထွက်မယ့် ဈေးသက်သာတဲ့ MacBook Air ကြောင့် Apple က Windows အခြေခံ laptop တွေအပြင် စွမ်းဆောင်ရည်မြင့် Chromebook တွေနဲ့ပါ ယှဉ်ပြိုင်နိုင်လာမှာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD