ဖြန့်ချိမယ့်ရက် မသိရသေးပါဘူး။

ကြမ်းကျွံလို့နှုတ်မရသလိုမျိုး လူမှုကွန်ရက်ခေတ်မှာ နောင်တရစရာ မက်ဆေ့တွေ ပို့မိတာကလည်း အဖြစ်ချင်းတူပါတယ်။ Facebook ကတော့ ကိုယ်ပို့ထားတဲ့ လက်လွန်ခြေလွန်မဖြစ်အောင် နှစ်ဦးနှစ်ဘက်ရဲ့ မှတ်တမ်းကနေ ပြန်ဖျက်ပေးသွားမယ့် feature သစ်ကို Messenger app မှာ စတင် စမ်းသပ်နေပြီလို့ဆိုပါတယ်။

gettyimages-467496574_1280x863.jpg

Photo: Times

 

unsend လို့ခေါ်တဲ့ ဒီ features ဟာ မက်ဆေ့ကို ရိုးရိုး delete လုပ်တဲ့စနစ်နဲ့မတူပါဘူး။ Messenger မှာ ပို့ပြီးသား မက်ဆေ့ချ်ကို delete လုပ်လိုက်တာနဲ့ပို့လိုက်တဲ့ သူဆီမှာပဲ ပျက်သွားပြီး စာရောက်သွားတဲ့လူကတော့ အဲဒီမက်ဆေ့ကို ဖတ်နိုင်မှာ ဖြစ်ပါတယ်။ unsend feature မှာတော့ မက်ဆေ့တစ်စောင်ကို unsend လုပ်လိုက်တာနဲ့နှစ်ဖက်စလုံးမှာ စာတွေ ပျက်ကုန်ပါတယ်။

ဒီ feature ကို စမ်းသပ်သုံးစွဲခွင့်ရသူတစ်ဦးဖြစ်တဲ့ ယန်းမန်ချွန်ဝမ်က သူ့ရဲ့ Twitter မှာ ဒီ feature ရဲ့ အလုပ်လုပ်ပုံကို screenshot ပြထားပါတယ်။ မက်ဆေ့တစ်ခုကို unsend လုပ်မလား ၊ ကိုယ့်ဘက်ကပဲ delete လုပ်မလားဆိုတဲ့ option ကနေ unsend ကို ရွေးရတာပါ။ ဒါဆို မက်ဆေ့ဟာ စကားပြောခန်းထဲကနေရော ကိုယ့်ဆီကပါ ဖယ်ရှားတော့မယ်လို့ပြပြီး အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

unsend feature ကို Facebook ရဲ့ CEO မတ်ခ်ဇူကာဘတ်ခ်နဲ့တစ်ခြား ကုမ္ပဏီရဲ့ ထိပ်တန်းခေါင်းဆောင်တွေ ပထမဆုံး သုံးခဲ့တာပါ။ နှစ်ဆန်းပိုင်း  မတ်ခ်ဇူကာဘတ်ခ်နဲ့တစ်ခြား Facebook အမှုဆောင်တွေကနေ သုံးစွဲသူတွေဆီ ပို့ထားတဲ့ မက်ဆေ့ချ်တွေ ပျက်သွားတာကနေ unsend feature ရှိတယ်လို့သိခဲ့ရတာ ဖြစ်ပါတယ်။

အခုလို အထူးပုဂ္ဂိုလ်တွေအတွက် သီးသန့်feature အနေနဲ့မိတ်ဆက်ထားတဲ့ unsend ကို မကြာခင်မှာ Messenger သုံးသူတိုင်း အသုံးပြုခွင့်ရတော့မှာပါ။ ဒီ feature ကြောင့် လူမှုကွန်ရက်ပေါ်က စိတ်အနှောင့်အယှက်ဖြစ်စရာ မက်ဆေ့တွေရန်ကနေ သက်သာရာ ရဖို့ရှိပါတယ်။

Facebook ပိုင် တစ်ခြား လူမှုကွန်ရက်တွေ ဖြစ်တဲ့ WhatsApp နဲ့Instagram တို့မှာလည်း နှစ်ဘက်စလုံးရဲ့ ပို့ပြီးသား မက်ဆေ့တွေကို ပြန်ဖျက်နိုင်တဲ့ စနစ် ပါရှိပါတယ်။ WhatsApp မှာ နာရီပိုင်းအတွင်း ပို့ထားတဲ့ မက်ဆေ့တွေ ပြန်ဖျက်ခွင့်ပေးထားပြီး Instagram မှာတော့ မက်ဆေ့တွေကို အချိန်မရွေးပြန်ဖျက်နိုင်မှာ ဖြစ်ပါတယ်။

[No available link text] 

Facebook ဟာ unsend feature ကို စမ်းသပ်ဆဲအနေအထားမှာပဲ ရှိသေးပြီး ဖြန့်ချိမယ့်ရက် မသိရသေးပါဘူး။

Share

Loading Next Article...
က္က