မြန်မာနိုင်ငံမှ ဆရာများနဲ့ ကျောင်းသားများကို နည်းပညာဆော့ဖ်ဝဲလ်များ အခမဲ့ သုံးခွင့်ပေးသွားမှာ ဖြစ်တယ်လို့ Microsoft မှ ကြေငြာချက်ထုတ်ပြန်ထားပါတယ်။

play

 

မြန်မာ့ပညာရေးကဏ္ဍပိုင်းမှ Microsoft ရဲ့ ပူးပေါင်းမှုနဲ့ ပတ်သတ်ပြီး Microsoft Asia Pacific ရဲ့ပညာရေးကဏ္ဍဆိုင်ရာ ညွှန်ကြား ရေးမှူး မစ္စတာဒွန်ကာလ်စွန်က ‘‘ပညာရေးကဏ္ဍက အဖွဲ့အ စည်းတွေအနေနဲ့ ကျောင်းသား တွေရဲ့ အနာဂတ်ကာလစိန်ခေါ်မှု တွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေဖြစ်တဲ့ တီထွင် ဖန်တီးနိုင်မှုနှင့် ကျိုးကြောင်းဆီ လျော်စွာစဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်တွေ မြင့်မားလာစေဖို့ ဒစ်ဂျစ်တယ်ပညာရေးစနစ်ကို ပြောင်းလဲဖို့ အရေးကြီးပါတယ်’’ လို့ ဆိုပါတယ်။ ကမ္ဘာ့အဆင့်မီ ပူးပေါင်းဆက်သွယ် လုပ်ဆောင်နိုင်တဲ့ နည်းပညာများကို ဆရာများအား အခမဲ့ သုံးစွဲခွင့်ပေးခြင်းဖြင့် မြန်မာ့အနာဂါတ်ခေါင်းဆောင် ကျောင်းသားလူငယ်များကို နိုင်ငံတကာစီးပွားရေးလုပ်ငန်းနဲ့ အစိုးရသုံး ဆော့ဖ်ဝဲလ်များနဲ့ လေ့ကျင့်သင်ကြားပေးနိုင်စေဖို့ ရည်ရွယ်ထားတယ်လို့ လည်း ဆိုပါတယ်။

Microsoft ဟာ မြန်မာ့ပညာရေးကဏ္ဍမှာ ရင်းနှီးမြှပ်နှံခြင်းကနေ ကျောင်းသားနဲ့ ဆရာများရဲ့ စွမ်းဆောာင်ရည် မြင့်မားစေဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပြီး Microsoft 365 Education အနေဖြင့် Office 365 for Education, Window 10, Enterprise Mobility+Security နှင့် Minecraft: Education Edition အစရှိသည့်နည်းပညာ ဆော့ဖ်ဝဲများကို ပညာရေးကဏ္ဍ အတွက် ထောက်ပံ့ပေးသွားမယ်လို့ လည်း သိရပါတယ်။

Source : 7day Daily News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video