သွေးကင်ဆာကြောင့် အသက် ၆၅ နှစ်မှာ ဆုံးပါးသွားခဲ့တာပါ

ကမ္ဘာ့နည်းပညာလောကရဲ့ ရှေ့ဆောင်ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Microsoft ကို ဘီလ်ဂိတ်စ်နဲ့အတူ ပူးတွဲ တည်ထောင်ခဲ့တဲ့ ဘီလျံနာ ပေါလ်အယ်လန်ဟာ အသက် ၆၅ နှစ်အရွယ်မှာ သွေးဖြူဆဲလ်တွေကို ဖျက်ဆီးတဲ့ သွေးကင်ဆာတစ်မျိုးကြောင့် ကွယ်လွန်သွားခဲ့ပြီလို့ဆိုပါတယ်။

paulallen.jpg

Photo: geekwire

 

၂၀၀၉ ခုနှစ်မှာ ဒီရောဂါမျိုးကို ကြုံတွေ့ခဲ့ပြီး အသက်ဘေးမှ လွတ်ကင်းခဲ့တဲ့ ပေါလ်အယ်လန်ဟာ အခုချိန်မှာတော့ သေမင်းလက်ကနေ ထပ်မပြေးနိုင်တော့ဘူးလို့ဆိုရမှာပါ။ အသက် ၆၅ နှစ်ဟာ ပေါလ်အတွက် ကင်ဆာနဲ့နောက်ဆုံး ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ နှစ်ဖြစ်ခဲ့ပါတယ်။

Microsoft မှာ သူ CEO ဖြစ်ကတည်းက ဒီရောဂါကို ခံစားလာခဲ့ပြီးနောက် ၁၉၈၂ ခုနှစ်မှာ ပေါလ်အယ်လန်ဟာ သူတည်ထောင်ခဲ့တဲ့ Microsoft ကနေ ထွက်ခွာခဲ့ပါတယ်။ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာအဖြစ်ကတော့ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ တရားဝင်နှုတ်ထွက်ခဲ့ပြီး အကြီးတန်း ဗျူဟာအကြံပေးအနေနဲ့ပဲ ရပ်တည်ခဲ့တာပါ။

ကုမ္ပဏီက ထွက်ခွာခဲ့ပေမယ့် သူပိုင်ဆိုင်တဲ့ ရှယ်ယာတွေကြောင့် သူ့ဘဝရဲ့ လက်ကျန်နှစ်တွေမှာ ဘီလျံပေါင်းများစွာကြွယ်ဝသူ သူကြွယ်တစ်ယောက်အနေနဲ့နေထိုင်နိုင်ခဲ့ပါတယ်။ ပေါလ်ရဲ့ နောက်ဆုံးနှစ်များမှာ သူပိုင်ဆိုင်တဲ့ ဒေါ်လာ ဘီလျံပေါင်းများစွာကို ရွက်လှေ ၊ အနုပညာပစ္စည်းများ ၊ ရော့ခ်ဂီတ ၊ အားကစားအသင်းများ ၊ ဦးနှောက်သုတေသန နဲ့အိမ်ခြံမြေလုပ်ငန်းများမှာ ရင်းနှီးမြှပ်နှံရင်း ပျော်မွေ့ခဲ့တာပါ။

ပေါလ်ရဲ့ နာရေးမှာ သူနဲ့အသက် ၂၀ အရွယ်ကတည်းက ပေါင်းသင်းလာခဲ့တဲ့ ဘီလ်ဂိတ်စ်က "ကျွန်တော့်ရဲ့ အချစ်ရဆုံးနဲ့သက်တမ်းအရင့်ဆုံး မိတ်ဆွေတစ်ဦး ကွယ်လွန်တာက ကြေကွဲဝမ်းနည်း ရပါတယ်။ သူသာမရှိခဲ့ရင် PC ကွန်ပျူတာဆိုတာ ပေါ်လာမှာ မဟုတ်ပါဘူး" လို့ပြောခဲ့ပါတယ်။

ပေါလ်ရဲ့ တစ်ဦးတည်းသော နှမဖြစ်တဲ့ ဂျိုဒီကလည်း သူဟာ ဘဝအလှည့်အပြောင်းတိုင်းမှာ လေးစားလောက်တဲ့ လူတစ်ယောက်အဖြစ် ရည်ညွှန်းခဲ့ပါတယ်။

"သူ့ရဲ့ မိသားစုဝင်တွေနဲ့မိတ်ဆွေတွေကတော့ သူရဲ့ ရွှင်မြူးထက်သန်တဲ့ ဉာဏ်ပညာ ၊ နွေးထွေးတဲ့ လှိုက်လဲှမှု ၊ ရက်ရောတဲ့ သဘောထားနဲ့လေးနက်တဲ့ လုပ်ရပ်တွေကြောင့် ကောင်းချီးခံရပါတယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ မိသားစုနဲ့မိတ်ဆွေတွေအတွက် အမြဲပဲ အချိန်ပေးခဲ့ပါတယ်။" လို့ထုတ်ပြန်ခဲ့ပါတယ်။

[No available link text] 

သူသေဆုံးချိန်မှာ Forbes မဂ္ဂဇင်းအရ ဒေါ်လာ ဘီလျံ ၂၀ ကျော် ကြွယ်ဝပြီး ကမ္ဘာ့ ၄၄ ဦးမြောက် အချမ်းသာဆုံးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူ့ဘဝတစ်လျှောက်လုံးမှာ ပညာရေး ၊ တောရိုင်းတိရစ္ဆာန်နဲ့သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့လူမှုပရဟိတများအတွက် ဒေါ်လာ ၂ ဘီလျံကျော် လှူဒါန်းခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က