AD
AD
AD

ပြည်တွင်းအငှားယာဉ်လောကထဲ ရောက်နေတဲ့ Mobile App သုံး အွန်လိုင်း အငှားယာဉ်ဝန်ဆောင်မှုနဲ့ ဆန်းသစ်စေဖို့ အတွက် လိုအပ်တဲ့ စည်းမျဉ်း စည်းကမ်းများ နဲ့ နည်းဥပဒေများ ကို ပြည်ထောင်စုဝန်ကြီးဌာန ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနဲ့ YRTA တို့ ပူးပေါင်း ရေးဆွဲဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

play
photo:Yangon Hluttaw / FB

 

ဒီဇင်ဘာ ၄ ရက်နေ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်က ‘အငှားယာဉ်လောကကို တစ်ခေတ်ဆန်းပြောင်းလဲစေမည့် အစီအစဉ်တစ်ခုအဖြစ် Mobile App သုံး Online အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ တရားမျှတသောယှဉ်ပြိုင်မှုကွင်းပြင်(Leveled Playing Field) ရှိရန်နှင့် စနစ်ကျသော အငှားယာဉ်ဝန်ဆောင်မှုလုပ်ငန်းများအနေနှင့် ခရီးသွားပြည်သူများကို အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ နည်းဥပဒေများနဲ့ ပတ်သတ်ပြီး အစီအစဉ်ရေးဆွဲမှု အခြေအနေကို မေးမြန်းခဲ့တာပါ။

ဒီမေးခွန်းကိုတော့  လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်မှ ပြည်တွင်းရှိ မိုဘိုင်းအက်ပလီကေးရှင်းသုံး အငှားယာဉ်ဝန်ဆောင်မှု ကုမ္ပဏီ ၄ ခုကို ၃ကြိမ်တိုင် ခေါ်ယူညှိနှိုင်းခဲ့ပြီး ဖြစ်ကြောင်းနဲ့ စည်းမျဉ်းဥပဒေအကြောင်း ရေးဆွဲသွားဖို့ စီစဉ်နေကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပြည်တွင်း မိုဘိုင်း app သုံးအွန်လိုင်း အငှားယာဉ်ဝန်ဆောင်မှုကို နိုင်ငံတကာ အငှားယာဉ်လုပ်ငန်းများဖြစ်သော US အခြေဆိုက် Uber ၊ စင်ကာပူအခြေဆိုက် Grab ၊ ပြည်တွင်းအခြေဆိုက် အိုးဝေ(Oway) နှင့် Hello Cab ကုမ္ပဏီတို့မှ ယှဉ်ပြိုင်ပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD