ဒုတိယမြောက် မြန်မာဟီးရိုးလည်း လာတော့မှာပါ

ပြည်တွင်းမှာ လူကြိုက်များနေတဲ့ Mobile Legends ဂိမ်းမှာ ဒဏ္ဍာရီလာ မြန်မာသူရဲကောင်း စစ်သည်ဇာတ်ကောင်သစ်ဖြစ်တဲ့ မင်းစစ်သားကို ဒီနေ့ကစပြီး ကစားနိုင်ပြီလို့ဆိုပါတယ်။



maxresdefault.jpg

Photo: YouTube

 

ပုဂံခေတ် သူရဲကောင်းဘုရင် ကျန်စစ်သားကို ကိုယ်စားပြုထားတဲ့ မင်းစစ်သားဟာ အွန်လိုင်း battle ဂိမ်းတွေထဲမှာ ပထမဆုံး မြန်မာ့ဟီးရိုး ဂိမ်းဇာတ်ကောင်အဖြစ် ထွက်လာတာပါ။ ပထမဆုံး Mobile Legends မြန်မာဟီးရိုးအဖြစ် ငမိုးရိမ် ၊ ဇော်ဂျီ ၊ နဂါး ၊ ဒဿဂီရိ ၊ ဘီလူး ၊ ကိန္နရီ ကိန္နရာ နဲ့ဂဠုန် စတဲ့ ဇာတ်ကောင်တွေထဲကနေ မင်းစစ်သားကို ရွေးချယ် ဒီဇိုင်းဆွဲခဲ့တာ ဖြစ်ပါတယ်။

Mobile Legends ဈေးကွက်ဝင်ထားတဲ့ နိုင်ငံတွေမှာလည်း နိုင်ငံအလိုက် အမျိုးသားဟီးရိုးဇာတ်ကောင်တွေ ဖန်တီးထားပြီး ယခု မင်းစစ်သားဇာတ်ကောင်အတွက် Mobile Legends Bang Bang ဟာ မြန်မာ player တွေဆီကနေ အကြံပြုချက်တောင်းခံခဲ့တာပါ။

လှံကိုင်သူရဲကောင်းတစ်ယောက်အဖြစ် မြင်ရမယ့် မင်းစစ်သားကို ပုဂံခေတ်သူရဲကောင်း ဝတ်စုံ ၊ သရဖူ နဲ့ကြာပွင့်သဏ္ဍာန် ရွှေဒိုင်းတစ်လက်ပါဝင်မှာ ဖြစ်ပါတယ်။ မင်းစစ်သား ဇာတ်ကောင်ဟာ Battle မဝင်ခင်မှာ ဦးညွှတ်ပြီး လံှကိုင်မြောက်ကာ ဘုရားရှိခိုးမှာပါ။ ရန်သူကို သူ့သတ်ကွင်းထဲ ဆင့်ခေါ်နိုင်ပြီး သူ့အပိုင် စက်ကွင်းထဲ ရောက်လာတဲ့ ရန်သူကို နှေးစေမှာ ဖြစ်သလို jumping skill ပါ ဖျောက်သွားမှာပါ။

ရန်သူဆီ ကို လှံတည့်တည့် ထိုးသွင်းပြီးတာနဲ့ဆွဲခေါ်နိုင်ပြီး ဖိုက်နိုင်တဲ့ ဟီးရိုးလည်း ဖြစ်တယ်လို့ဆိုပါတယ်။ သူနဲ့တွဲဖက် တစ်ခြားဟီးရိုးက တစ်ဘက်ရန်သူ ဟီးရိုးတစ်ယောက်ကို သတ်နိုင်တာနဲ့သူ့မှာလည်း gold ရသလို မင်းစစ်သား လက်ချက်နဲ့တစ်ခြားအဖွဲ့က ဟီးရိုးတစ်ယောက် သေသွားရင်လည်း အဖွဲ့သားတွေကို gold တွေ ခွဲပေးသွားမှာ ဖြစ်ပါတယ်။

 

Mobile Legends အနေနဲ့နောက်ထပ် မြန်မာ့ဒဏ္ဍာရီဟီးရိုးဇာတ်ကောင်လည်း ထပ်ထည့်သွားမယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ မြန်မာ့ ပထမဆုံး Esports စင်တာတစ်ခုဖြစ်တဲ့ HOG E-Sports စင်တာနဲ့Mobile Legend: Bang Bang ဂိမ်းကုမ္ပဏီ Moonton တို့ပူးပေါင်းပြီး ဆုကြေး ဒေါ်လာ ၃  သောင်းကျော်ပေးသွားမယ့် မိုဘိုင်းဂိမ်းပြိုင်ပွဲတစ်ရပ် ကျင်းပနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က