မှန်ကန်စွာ ဖြည့်သွင်းပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

ကြိုးဖုန်းများ၊ ADSL နှင့် FTTH အပါအဝင် postpaid mobile (အသုံးပြုပြီးမှ ပေးချေသည့် စနစ်သုံး) မိုဘိုင်းလ်သုံးစွဲသူများ အနေဖြင့် MPT မှ ထုတ်ပေးသည့် ပြေစာများကို KBZ နှင့် CB ဘဏ်ခွဲများနှင့် မိုဘိုင်းလ်ငွေကြေးစနစ်ဖြစ်သည့် Mobile Banking စနစ်အားအသုံးပြုခြင်းဖြင့် ပေးချေဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ယင်းဝန်ဆောင်မှုကို ဇွန်လ မှ စတင်ကာ တစ်နိုင်ငံလုံးရှိ KBZ နှင့် CB ဘဏ်တို့မှာ ဆောင်ရွက်နိုင်မှာ ဖြစ်သလို  MPT မှ ထုတ်ပေးသည့် ပြေစာကို စာရွက်ဖြင့်ဖြစ်စေ (သို့) မိမိတို့၏ ဖုန်းနှင့် အခြား အီလက်ထရောနစ်ပစ္စည်းများအတွင်း သိမ်းဆည်းယူဆောင်ပြီး ငွေပေးချေမှုလုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ထို့အပြင် mobile banking အသုံးပြုသူများကလဲ ဘဏ်များ၏ mobile banking  အက်ပလီကေးရှင်းမှ တစ်ဆင့် လိုအပ်သည့်အချက်အလက်များ (သုံးစွဲသူကုတ်နံပါတ်၊ ပြေစာနံပါတ်၊ ပေးချေရန် ပမာဏ) အစရှိသည်တို့ကို မှန်ကန်စွာ ဖြည့်သွင်းပြီး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

 

"ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ငွေပေးချေမှုအပိုင်းမှာ ပိုပြီး အဆင်ပြေလွယ်ကူစေဖို့အတွက် KBZ ဘဏ်၊ CB ဘဏ်တို့နဲ့အတူ လက်တွဲပြီး ငွေပေးချေနိုင်တဲ့ နည်းလမ်းပိုများလာအောင် ဆောင်ရွက်နေပါတယ်။ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဘဏ်ခွဲ ၇၀၀ ကျော်ရဲ့ ကွန်ရက်တွေနဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကြောင့် သုံးစွဲသူတွေ အနေနဲ့ မြန်ဆန်လွယ်ကူတဲ့ ဝန်ဆောင်မှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ MPT အနေနဲ့ Postpaid ဝန်ဆောင်မှုတွေကို ပေးအပ်ရာမှာ အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ အတွေ့အကြုံကောင်းတွေကို ပေးစွမ်းသွားမယ်လို့ ဒီနေရညကနေ ပြောကြားချင်ပါတယ်။ ဒါ့အပြင် ဝန်ဆောင်မှုကနေ တစ်ဆင့် သုံးစွဲသူတွေ အနေနဲ့ အကျိုးကျေးဇူးကောင်းတွေရရှိမယ်လို့ ယုံကြည်ပါတယ်" ဟု MPT-KSGM Joint Operations ၏ Chief Commerical Officer ဖြစ်သူ Mr. Reizo Umeda ကပြောသည်။

 

MPT မှ ဘီလ်ပေးဆောင်မှုများ ပြုလုပ်ရာတွင် သုံးစွဲသူများအနေဖြင့် ဝန်ဆောင်ခထပ်မံ ပေးသွင်းရန် မလိုအပ်ပဲ အခမဲ့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Share

Loading Next Article...
က္က