ဘဏ်မတူညီတဲ့ MPU card များ ATM စက်တွေကနေ အချင်းချင်း အပြန်အလှန် ငွေလွှဲငွေပြောင်းလုပ်နိုင်တော့မယ်လို့ သိရပါတယ်။

 

လာမယ့် ၂၀၁၈ ခုနှစ်အတွင်း MPU Card များ ATM စက်ကနေတစ်ဆင့် ငွေလွှဲနိုင်စေဖို့ ငွေပေးချေမှုဆိုင်ရာနည်းပညာများကို အဆင့်မြှင့်တင်နေပြီး လက်ရှိမှာ ရာခိုင်နှုန်း ၉၀ အထိ ပြီးစီးနေပြီ လို့ ဆိုပါတယ်။ နည်းပညာအဆင့်မြှင့်တင်မှုများအတွက် MPU ဟာ ဗဟိုဘဏ်နဲ့ ပူးပေါင်းလုပ်ဆောင်သွားမျာ ဖြစ်ပြီး ငွေပေးချေမှုများအတွက် ကတ်စနစ်အသုံးပြုခြင်းကိုပဲ ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

MPU ကတ်တွေနဲ့ အွန်လိုင်းပေါ်ကနေ ပစ္စည်းဝယ်ခြင်း ၊ ဝန်ဆောင်ခ ငွေချေခြင်းများကို ၂၀၁၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်ခဲ့တာ ဖြစ်ပြီး အွန်လိုင်းငွေပေး ချေမှုစနစ်၊ အွန်လိုင်းဈေးဝယ်နေရာတွေ၊ လေကြောင်းလိုင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြု နိုင်တဲ့ ဝန်ဆောင်မှုလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာ MPU မှ MPU Debit Card ပေါင်း ၃.၅ သန်းကျော် ၊ MPU Credit Card ပေါင်း ၆ သောင်းကျော် ၊ Co-Brand Card ပေါင်း ၈ သောင်းကျော်နဲ့ ATM စက်ပေါင်း ၃၀၀၀ ခန့် ကို ဝန်ဆောင်မှုပေးနေတယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video