အာရှငွေပေးချေမှုကွန်ရက် (Asia Payment Network) သို့ Myanmar Payment Union ၀င်ရောက် ဖို့ ဆောင်ရွက်နေတယ် လို့သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလကနေစတင်ပြီးလုပ်ဆောင်နေတာဖြစ်တယ်လို့ MPU ရဲ့ CEO ဦးဇော်လင်းထွဋ်က ပြောပါတယ်။ “Asia Payment Network မှာ Member ဖြစ်နိုင်ဖို့ နိုဝင်ဘာလကစပြီး အဖွဲ့ဝင် ဘဏ်တွေရဲ့ ပံ့ပိုးကူ ညီမှုနဲ့ လုပ်နေပါတယ်” လို့သူကဆိုပါတယ်။ အဲဒီလိုဝင်ရောက်ခြင်းအားဖြင့် နိုင်ငံတကာငွေပေးချေမှုအတွက် MPU အသုံးပြုပြီးဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အဲဒီကတ်တွေကို အသုံးပြုပြီး ကားလက်မှတ်အတွက် ငွေပေးချေတာ၊ ဟိုတယ်တည်းခိုခ ပေးချေတာတွေအတွက်လည်း အသုံးပြုနိုင်အောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

လက်ရှိမှာ MPU ကတ်အရေအတွက် အသုံးပြုသူလေးသန်းကျော်ရှိလာပြီး အကြွေးဝယ်ကတ် (Credit card) အသုံးပြုသူပေါင်း သုံးသောင်းကျော်၊ Co brand ကတ်ပေါင်း ရှစ်သောင်းကျော် ရှိပြီဖြစ်တယ်လို့ MPU ရဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းက ပြောပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ MPU နဲ့ထုတ်နိုင်တဲ့ ATM စက်ပေါင်း ၈၃၀၀၀ ကျော်၊ POS (point of sale) ပေါင်း တစ်သောင်းခွဲဝန်းကျင်နဲ့ eCommerce ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော်ရှိသွားပြီလို့ MPU ရဲ့နှစ်ပတ်လည် အစည်းအဝေးကနေ သိရပါတယ်။

photo & Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video