Ooredoo သုံးစွဲသူများအနေနဲ့ ဗုဒ္ဓဟူးနေ့ ရောက်တိုင်း My Ooredoo အက်ပလီကေးရှင်းနဲ့ ဖုန်းငွေဖြည့်မယ်ဆိုရင် ကိုယ်ဖြည့်တဲ့ ပမာဏပေါ် လိုက်ပြီး အများဆုံး ၅၀%အထိ အပိုထပ်ဆောင်း ငွေဖြည့်လက်ဆောင်ရမှာ ဖြစ်ပါတယ်။

play

 

My Ooredoo အက်ပလီကေးရှင်းဟာ iOS နဲ့ Android နှစ်မျိုးစလုံးအတွက် ထွက်လာတဲ့ အက်ပလီကေးရှင်း ဖြစ်ပြီး Ooredoo သုံးစွဲသူများအတွက် Ooredoo ရဲ့ ထုတ်ကုန်များ ၊ ဝန်ဆောင်မှုများနဲ့ ပရိုမိုးရှင်းအားလုံးကို တစ်နေရာတည်းကနေ ကြည့်ရှုနိုင်ပါတယ်။ ဒီ app မှာ QR Code Scan နဲ့ ငွေဖြည့်နိုင်တဲ့ ဝန်ဆောင်မှုလည်း ပါရှိတာကြောင့် ဖုန်းငွေဖြည့်ရာမှာ အလွန့် ကို အဆင်ပြေစေမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဗုဒ္ဓဟူးနေ့ တိုင်း ငွေ ၁၀၀၀ ကျပ်ငွေဖြည့်ပါက အပိုငွေဖြည့်လက်ဆောင်အဖြစ် ၁၅၀ ကျပ် နဲ့ ၃၀၀၀ ကျပ်ဖိုး ငွေဖြည့်ပါက ၉၀၀ ကျပ် ရရှိမှာ ဖြစ်ပြီး ငွေဖြည့်ကတ် ၅၀၀၀ ကျပ် ၊ ၁၀၀၀၀ ကျပ်ဖိုးနဲ့ ၂၀၀၀၀ ကျပ်ဖိုးဖြည့်မယ်ဆိုရင်တော့ အပိုငွေဖြည့်လက်ဆောင်အဖြစ် ၂၅၀၀ ကျပ် ၊ ၅၀၀၀ ကျပ်နဲ့ ၁၀၀၀၀ ကျပ်စီ ရမှာ ဖြစ်ပါတယ်။

ရရှိလာတဲ့ အပိုငွေဖြည့်လက်ဆောင်ကို Ooredoo အချင်းချင်း ဖုန်းခေါ်ဆိုခြင်း ၊ SMS ပို့ ခြင်းနဲ့ သုံးသလောက်ပေး အင်တာနက်အသုံးအပြုခြင်းတွေမှာ ၃ ရက်ကြာ သုံးစွဲနိုင်မယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video