AD
AD
AD

Myanmar Cyber Security Challenge 2018 ဖြေဆိုမယ့်သူတွေအနေနဲ့ ဘာသာရပ်ခြောက်ခုကို လေ့လာရမယ်လို့သိရပါတယ်။

မေးခွန်းတွေကို အရင်နှစ်တွေကျင်းပနေတဲ့အတိုင်း CTF Jeopardy style ပုံစံနဲ့ပဟေဠိပုံစံပြုလုပ်ထား တာကို ရွေးချယ်ဖြေဆိုရမှာ ဖြစ်ပါတယ်။ လေ့လာရမယ့်ဘာသာရပ်တွေကတော့ (1) Web Security, (2) Reverse Engineering, (3) Cryptography + Steganography, (4) Pwn, (5) Forensics, (6) Miscenllaneous တို့ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို လာမယ့် ဇန်န၀ါရီ ၂၅ ရက်မှာကျင်းပမယ် လို့သိရပါတယ်။ လေ့လာစရာတွေကို သက်ဆိုင်ရာဘာသာရပ်အလိုက် mmCERT ဖေ့စ်ဘုတ်စာမျက် နှာကတစ်ဆင့်ထုတ်ပြန်ပေးထားပါတယ်။

play

 

မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ လူငယ်တွေအနေနဲ့ Cyber Security ပိုင်းဆိုင်ရာအသိအမြင်နဲ့ ကျွမ်းကျင်မှုတွေတိုးတက်လာ စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး အသက် ၃၀ ထက်မကြီးတဲ့မြန်မာ နိုင်ငံသားတွေပါဝင်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့လိုက်ပါဝင်ယှဉ်ပြိုင်နိုင်ပြီး အဖွဲ့တစ်ဖွဲ့မှာခေါင်းဆောင် အပါအ၀င် အဖွဲ့ဝင်သုံးဦးရှိရမှာဖြစ် တယ်လို့သိရပါတယ်။ ပညာသင်ယူနေဆဲသူဆိုရင်တော့ သက်ဆိုင် ရာကျောင်းကခွင့်ပြုချက်ပါရမှာ ဖြစ်ပါတယ်။ ပထမဆု ၁၀ သိန်း၊ ဒုတိ ယဆု ၇ သိန်းနဲ့ တတိယဆု ၅ သိန်းကျပ် ရမှာဖြစ်ပါတယ်။ ဆုအားလုံးအတွက် Trophy နဲ့ Certificate တို့ပေးအပ်မယ်လို့ သိရပါတယ်။

ှPhotos & Source: Internet Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD